Zhang Com ဘက်က အနမ်းခန်းတွေ ဖျက်ပေးမယ်ဆိုတဲ့ အကြောင်းပြန်ပြီးနောက်ရက်ဇာတ်ညွှန်းဖတ်ဖို့ သွားရရိုက်ကွင်းနေရာ သွားကြည့်ရနဲ့။ ကြားထဲ မှာလည်း ဂျပန်ကို သွားပြီးဖျော်ဖြေဖို့ ရှိသေး။ခေါင်းဆောင်တစ်ယောက်အနေ နဲ့ ပင်ပန်းပေမယ့်မငြီးရဲ။ ဂျပန်က ပြန်လာမှ ကျွန်တော်က စရိုက်ပေးရမည်။ ကြားထဲမှာဇာတ်ညွှန်းဖတ်လိုက်အကတိုက်လိုက်နဲ့။ အင်း အကတိုက်တဲ့ထဲ ၀မ်းနင်တော့မပါ။ အငယ်လေးက ဒီနှစ်တက္ကသိုလ်ဒုတိယနှစ်Final စာမေးပွဲ ကြီးဖြေဆိုနေရတယ်။ ဒီနေ့နောက်ဆုံးဆိုတော့
ဝေ့ - ကျန်းချန်
ကျန်း -ပြော
ဝေ့ - ငါတို့ ညကျရင်Hot Pop နဲ့ BBQ သွားစားရအောင်။ အားနင်လည်း စာမေးပွဲ ပြီးပြီဆိုတော့လေ။
ဟွိုက်စန်း -ကောင်းတယ်ကောင်းတယ်။
ရွှယ်ယမ်- ဘယ်သူ ဒကာခံမှာလဲ
ရွှယ်ယမ်အမေးကို ကျန်းချန်နဲ့ ဟွိုက်စန်းက ပြုံးပြုံးကြီး နဲ့
*ဝေ့၀ူရှန့်*
ဝေ့ - ဘာ ငါက ဘာကိစ္စ ဒကာခံရမှာလဲ။
ဟွိုက်စန်း - မင်းက ငါတို့ထက်ပိုက်ဆံ ပိုရှိတယ်လေ။ဟော အခုဆို ဇာတ်ကားလည်း ရိုက်ရပြီ။စရိုက်ရတဲ့ ကားကလည်းခေါင်းဆောင်မင်းသားနေရာ။
ကျန်းချန်- ဒါမှ မဟုတ်မင်းဇာတ်ကားစရိုက်ရတဲ့ အထိမ်းအမှတ်အနေ နဲ့ ၀ယ်ကျွေးနော်နော်နော်
ကျန်းချန်က ကျန်၂ယောက်ကိုပါ မျက်စပစ်ကြတော့ ဟွိုက်စန်း နဲ့ ရွှယ်ယမ်လည်းဝေ့၀ူရှန့်အနား လာပြီး ကပ်ချွဲ ကြတော့သည်။ ထို အဖြစ်အပျက်ကို အခန်းပြင်က ကြည့်နေတဲ့ CEO
*ဆီလျော်မှု မရှိလိုက်တာ။*
*အယ်CEO အခန်းရှေ့ ဘာလုပ်နေတာလဲ။*
လက်ထဲ မုန့်ဗူးတွေ ကိုင်လာတဲ့ ကျင်းဇီးရွှမ်း က STAR အဖွဲ့ရဲ့ အကခန်းရှေ့ကျောက်ရုပ်ကြီးသဖွယ်ရပ်နေတဲ့ လန်၀မ့်ကျီး ကိုတွေ့ပြီးမေးလိုက်တော့ ပြန်ရလိုက်တာအေးစက်စက်မျက်၀န်း တစ်စုံ။ ဘာမှ မပြောဘဲ ထွက်သွားတဲ့ CEO ကို ကြည့်ပြီး မန်နေဂျာ ဖြစ်သူမှာ အူကြောင်ကြောင်။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...