ကြီးမားကျယ်၀န်းလှတဲ့ ခြံကြီးကို ကြည့်ပြီးဝေ့၀ူရှန့်နှာခေါင်းရှုံ့မိသည်။ပြီးခဲ့တဲ့ လတွေကတည်းက လာဖို့ခေါ်နေပေမယ့်အဖက်မလုပ်ဘဲ ပစ်ထားလိုက်သည်။ Come Back ပြီးတော့ ရိုရှန့်နဲ့ အတူတူရောက်လာပြီ အိမ်မှာ ပြန်နေဖို့ လာခေါ်တဲ့ လူကြီးကြောင့်စိတ်ရှုပ်မိသည်။ လန်ကျန့်ကတော့ ဘယ်လောက်မုန်းမုန်း မိဘက မိဘ ဘဲ သွားတွေ့လိုက်ပါဝေ့ရင်း ဆို၍ အခုလို လာတွေ့ရခြင်း။ ခြံတံခါးဘေးက လူခေါ်ဘဲလ်ကို နှိပ်လိုက်တော့
*ဘယ်သူလဲ*
*ဝေ့၀ူရှန့်*
*သ..သခင်လေး။ ခနစောင့်ပါနော်။*
ဂျောက်!!
တံခါးပွင့်လာသည်နှင့်တစ်ပြိုင်တည်း ခြံထဲကို ၀င်လာလိုက်သည်။ ခြံထဲ စ၀င်လိုက်တာနဲ့ နှာခေါင်းထဲ တိုးဝင်လာတဲ့ နှင်းဆီပန်းရနံ့။ မားမား က နှင်းဆီပန်းဆို အရမ်းကြိုက်တာ။ မားမား ရှိကတည်းက စိုက်ထားတဲ့ နှင်းဆီခြံဘက်ကိုခြေလှမ်းတွေကရွေ့လျားလိုက်သည်။ မားမားရှိတုန်းကထက်အပင်တွေက ပိုများလာသည်။ ဒီခြံလေးကို မဖျက်ဆီးပစ်တဲ့အတွက်ကျေးဇူးတော့ တင်မိသည်။
*အိမ်ထဲ အရင်လာမယ်ထင်ထားတာ။*
ဝေ့ - ရှ သခင်ကြီး
*ရှန့်ရှန့်ဘာလို့ ပါး ကို*
ဝေ့ - မားမား ဆုံးသွားကတည်းက ပါးကိုလည်းဒီလောကကြီးမှာ မရှိတော့ဘူးလို့ သတ်မှတ်လိုက်တာ။
*ဟင်း ဆုံတုန်းလေး ထမင်းလက်ဆုံ စားရအောင်*
ဝေ့ - ကျွန်တော်ဒီညနေ Korea ကို သွားရမှာ။ပြောစရာရှိတာက်ိုသာပြောပါ။
*အိမ်ထဲ မ၀င်တော့ဘူးလား။*
ဝေ့ - ဒီနေရာမှာဘဲပြောပါ။
*ကောင်းပါပြီ။နောက်လ ၂၄ ရက်နေ့ကုမ္ပဏီ နှစ်ပတ်လည်ပွဲ ရှိတယ်*
ဝေ့ -အဲ့နေ့က မား ရဲ့ နှစ်ပတ်လည်နေ့။
*ရှန့်ရှန့်*
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...