ဝေ့၀ူရှန့်တစ်ယောက်ညစာစားပွဲတွင်ခနဘဲနေပြီး ပြန်လာခဲ့သည်။ ဒါတောင်သူတို့က မပြန်သေးဖို့ တားနေပေမယ့်မနက်ဖြန်ကစပြီး Ent မှာလေ့ကျင့်ရတော့မှာ မို့ပါလို့ မနည်းပြောခဲ့ရသည်။ ကားပါကင်ရောက်တော့
*ရှန့်ရှန့်*
ဝေ့ - ကျစ်!!စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဘာပြောအုံးမလို့လဲ။
ရိုးရှန့်- ပါးက မနက်ဖြန်အိမ်လာခဲ့တဲ့။
ဝေ့ - ကျွန်တော်မအားဘူး။ ပြီးတော့ ရှသခင်ကြီးကိုလည်းပြောလိုက်ပါ။ စွန့်လွှတ်ပြီးသား လူတစ်ယောက်ကို အဆုံးထိ စွန့်လွှတ်ပေးပါလို့။ ပြီးတော့ ခင်ဗျား နဲ့ ကျွန်တော့်ကိစ္စကို ဆက်လုပ်မယ်ဆို ဘာဖြစ်မယ်ဆိုတာ အာမ မခံနိုင်ဘူး။
ပြောပြီး ရှရိုးရှန့်ကို တွန်းဖယ်ပြီး ကားပေါ်တတ်လိုက်သည်။ ကားစက်နှိုးရင်း တစ်ယေက်သော သူဆီခေါ်လိုက်သည်။ ဖုန်းသံ ၃ချက်လားဘဲ မြည်ရသေးတယ်ချက်ချင်းကိုင်ပေးတဲ့ လန်ကျန့်ကြောင့်ပြုံးမိသွားသည်။
📲📲📲
*Helloဝေ့ရင်း*
*လန်ကောကော ဘာလုပ်နေလဲ*
*စာဖတ်နေတာ။ ပြီးသွားပြီလား ညစာစားပွဲက*
့*မပြီးသေးဘူး။ဝေ့ရင်းလေးက အစောကြီး ပြန်လာတာ။ လန်ကောကော ငါတိုက်ခန်းကို လာခဲ့ပါလား။ ပြီးတော့ RIO လဲ ၀ယ်ခဲ့*
*အင်း အခုချက်ချင်း ကိုယ်လာခဲ့မယ်။စောင့်နေ*
*မှာတာလဲ ၀ယ်ခဲ့နော်။ တိုက်ခန်းမှာစောင့်နေမယ်။*
*အင်း*
ဖုန်းချလိုက်ပြီး ပြုံးမိသည်။ အိမ်ပြန်ရင်း ၀င်၀ယ်သွားလို့ရပေမယ့်လန်ကျန့်ကိလည်းတွေ့ချင်လို့ တမင်၀ယ်ခိုင်းလိုက်ခြင်း။
ဝေ့ရင်း ဆီက ဖုန်းရပြီးတာနဲ့ အပေါ်ထပ်ကောက်စွတ်ပြီး ကားသော့ နဲ့ ပိုက်ဆံအိတ်ယူပြီးအောက်ထပ်သို့ပြေးဆင်လာခဲ့သည်။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...