သူရိန်နေမင်းရဲ့ အလင်းရောင်က ပြတင်းပေါက်မှ တဆင့်ကုတင်ပေါ်တွင်ခြေကားယားလက်ကာယားအိပ်မောကျနေတဲ့ဝေ့၀ူရှန့်မျက်နှာပေါ်သို့ ဖြာကျလာသည်။နေရောင်ကို မလိုလားစွာစောင်ကိုခေါင်းမြီးခြုံပြီး ထပ်အိပ်နေလိုက်သည်။
*ဟေ့ထတော့ Leader ကြီး*
*အိပ်ချင်သေးတယ်အားချန့်ရာ။ ဒီနေ့ အားလပ်ရက်လေ။ ဘာမှ မှ မရှိတာကို*
*အိပ်ချင်ရင်လည်း ဆက်အိပ်လေ။ မမက ကြာစွယ်စွတ်ပြုတ်လာပို့သွားတယ်။ အစားပုတ်လွန်းတဲ့ Memberတွေနဲ့ဆို မင်းအတွက်မကျန်..ကျန်*
*ငါ ထပြီ။ မမရဲ့ ကြာစွယ်စွတ်ပြုတ်ကို ဘယ်သူမှ မကျွေးဘူး။*
ကျွန်တော့်စကားမဆုံးသေး အိပ်ယာကနေ လူးလဲ ထလာတဲ့ အားရှန့်။ ဘယ်ဘ၀ကတည်းက ကြာစွယ်စွတ်ပြုတ်ကို ငတ်ပြတ်လာလည်း မသိ။ ကြာစွယ်ဆိုတဲ့ အသံကြားတာနဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ကောင်စုတ်လေး။
*ဟေ့ ငါ့အတွက်ချန်ထားကြအုံး အကုန်မစားနဲ့*
မီးဖိုချောင်ထဲ အပြေးဝင်လာတဲ့ဝေ့၀ူရှန့်။ သူ့ကို ကြည့်ပြီး Memberတွေ အားလုံး ရယ်မိကြသည်။
အားလီ - အားရှန့်လာထိုင်။
ဝေ့ - မမနောက်တစ်ခါ ကြာစွယ်စွတ်ပြုတ်လာပို့မယ်ဆို ကြိုဖုန်းဆက်။ ဒါမှ ကျွန်တော်အရင်စားရမှာ။
၀မ်းနင်- Ge ရယ်အခုထိ ဘယ်သူမှ မစားရသေးပါဘူး။ မမရောက်လာချင်း ကျန်းချန်Ge က အစ်ကို့ကို သွားခေါ်မယ်ဘယ်သူမှ မစားကြနဲ့လို့ မှာထားလို့ မစားရသေးပါဘူးဗျာ။
အားလီ - ကဲပါ လာထိုင်စားကြ။ Ent ကို သွားရမယ်ဆို။
ဝေ့ - ဟမ်ဒီနေ့ နားရက်လေ။
ကျန်းချန်- ငါတို့လည်း မသိဘူး။ မြန်မြန်စားပြီး မြန်မြန်ပြင်ဆင်ပြီး သွားကြရအောင်။
ဝေ့၀ူရှန့်စိတ်ထဲ မကျေမနပ်ဖြစ်သွားရသည်။ ဒီနေ့အားလပ်ရက်မို့ ဓာတ်ပုံသွားရိုက်မယ်စိတ်ကူးထားသမျှရေစုန်မျှော ရပြီ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...