" ဖယ်စမ်း.."
ဒေါသတွေ စိုးရိမ်ပူပန်မှုတွေကြောင့်နဲ့ driver
ကို ဂုတ်ကဆွဲချပြီး လီဗာကိုဆောင့်နင်းလိုက်
တယ်..Seung Hyun Hyung က ခါးပတ်ကို
တင်းနေအောင်ပတ်ကာ.." Jiyong..Seungri မသေပဲ..မင်းနဲ့ငါပဲအရင်
သေသွားဦးမယ်..ရူးနေတာလား.."ဝမ်းခေါင်းသံကြီးနဲ့အော်နေတဲ့အသံဆိုးကြီးကို
တမင် မကြားချင်ယောင်ဆောင်လိုက်ရတယ်..~ အဲ့ သေ ဆိုတဲ့စကားလုံးကို မကြားချင်ဘူး..
မျက်လုံးထဲမှာ သွေးသံတရဲရဲနဲ့ဖြစ်နေရှာမယ့်
Seungri မျက်နှာလေးကိုပဲမြင်ယောင်နေရင်း..~ Seungri...
စိတ်ကောက်နေတဲ့ ကလေးလေးကို မချော့ရ
သေးဘူးလေ..Papa စောစောပြန်လာမယ်လို့
ပြောပြီး မပြန်မိသေးဘူးလေ..Papa ကြောင့်ဖြစ်ရတာ..Papa အသုံးမကျလို့
မင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး ကလေးရယ်..ဟွန်းသံတတီတီတွေလည်းဂရုမစိုက်နိုင်တော့
ဆဲသံဆိုသံတွေလည်း နောက်မှာကျန်ခဲ့ပလေ့
စေတော့..လီဗာကိုသာ ခပ်ကြမ်းကြမ်း နင်းပြီး
မောင်းလာခဲ့လိုက်တော့တယ်..Seungri တို့ စီးလာတဲ့ ကျောင်းကားက ဘေး
တစောင်းလှဲကျလို့နေတယ်..အနီးအနားမှာလဲ
ဆေးရုံတင်ကားတွေ ရဲကားတွေနဲ့ရှုပ်ရှက်တွေ
ကိုခတ်နေတာပဲ..ကားကိုဖြစ်သလို ထိုးရပ်ခဲ့ပြီး အရူးတယောက်
လိုပြေးဝင်သွားတော့ ယာဉ်ထိန်းရဲတချို့က သူ့
ကိုလှမ်းတားတယ်.." ကယ်ဆယ်ရေးလုပ်နေတာ..ခင်ဗျား ဝင်သွား
လို့မရဘူး.."" ကျွန်တော့်သားပါသွားတယ်..အဲ့ကားပေါ်မှာ
ကျွန်တော့်သားပါသွားတယ်လို့..ဖယ်.."တားနေတဲ့လက်တွေကိုတွန်းထိုးတိုက်ပစ်ခဲ့ပြီး
လမ်းနဘေးမှာတင် အသက်ကယ်ပေးနေရတဲ့
ကျောင်းသားလေးတွေ..အဝတ်ဖြူအုပ်ထားတဲ့
မျက်နှာလေးတွေကို တယောက်ချင်းစီ သေချာ
လိုက်ကြည့်နေရင်း.." ကျောင်းသား Seungri ဘယ်မှာလဲ..ရှာပေး
ကြပါဦးဗျာ..ကျွန်တော့်ကလေးလေး ဘယ်မှာ
လဲ Seungri..ကျောင်းသား Seungri ကိုတွေ့
မိကြသေးလား.."