လက်သံပြောင်တဲ့ Papa က..ဒီတခါကျတော့
သိပ်အားမပါသလိုပဲ..နားရွက်ဖျားတွေတောင်
ရဲတက်နေပုံထောက်ရင် ရှက်သွားတာလား..အိုးတိုးအမ်းတမ်းနဲ့..တံတွေးကို ၂ ခါလောက်
မြိုချလိုက်ပြီးမှ..ကျွန်တော့်ကို မျက်မှောင်ကြီး
ကျုတ်ကာ ကြည့်နေရင်း.." မင်း စောက်ချိုးလေးတွေပြင်ရင်ကောင်းမယ်
Seungri..မင်းကို ငါက အဲ့လိုမိုက်ရိုင်းတတ်ဖို့
သင်ထားလား.."" မသင်ထားပါဘူး..ဒါပေမယ့် ကျွန်တော့်စိတ်
ထဲ ရှိသလိုပြောလို့မရဘူးလား.."" မိုးကြိုးပစ်သေမယ့်အကောင်.."
" Papa က ကျွန်တော့်အဖေအရင်းမှ မဟုတ်
တာ..၁၀ နှစ်လောက်ကွာတဲ့ ညီအကိုတွေလို
နေလို့ရတာပဲ.."" မင်း ပါးစပ်ပိတ်ထား..တသက်လုံးက Papa
ခေါ်လာပြီး အခုကျမှ ဘာတွေစောက်ရူးထနေ
တာလဲ.."" ကျွန်တော်..."
~ ပြောလိုက်ရင်ကောင်းမလား..ငါ သူ့ကိုချစ်..
" ဘာ ကျွန်တော်လဲ.."
" ကျွန်တော်..ခင်ဗျားကိုအဖေမတော်ချင်တော့
ဘူး..Kwon Jiyong.."" ဘာ.."
Papa က ဒေါသက ထွက်တော့ထွက်နေတာပဲ
ဒါပေမယ့်..ကျွန်တော့်ကို မကြည့်တော့ဘူး..ရဲ
တွတ်နေတဲ့ သူ့မျက်နှာကို မမြင်စေချင်လို့ ထင်
တယ်..တဖက်ကို မျက်နှာလွှဲသွားတယ်.." ကျွန်တော်လေ.."
" ငါ့ကို အဖေမတော်ချင်ရင် ငါ့အိမ်ကနေထွက်
သွား..မင်းလိုကျေးဇူးကန်းတဲ့ကောင်မျိုး ငါမမြင်
ချင်ဘူး.."" မဟုတ်ဘူး..Papa..ကျွန်တော်က.."
ကျွန်တော် ရှင်းပြတာကိုတောင် မစောင့်တော့
ပဲ..Papa က ချာကနဲ လှည့်ထွက်သွားပြီ..တော်တော်စိတ်ဆိုးသွားတဲ့ပုံပဲ..
အဲ့ နောက်ကျောလေးကို ပြေးဖက်ပစ်လိုက်ပြီး
ကျွန်တော့်ရင်ထဲကို ဝင်ကြည့်ပေးပါဦး Papa..
လို့ ပြောလိုက်ချင်မိတယ်..ခင်ဗျားကြောင့်အရူးတပိုင်းဖြစ်နေရတဲ့ ဟောဒီ
ကောင်ဆိုးလေး ရင်ထဲမှာ ဘာတွေရှိနေသလဲ
ဆိုတာ ခင်ဗျား မြင်ပေးပါဦးလား..