" အိပ်သွားပြီလား.."
" အင်း အိပ်သွားရှာပြီ..ငါ မှားတာပါ..ငါ သူ့ကို
လွတ်ထားသလိုဖြစ်သွားတယ်.."" Hyung နဲ့မဆိုင်ပါဘူး..သူ ကျွန်တော့်ကိုမုန်း
နေတာ..ဒီမှာလာနေရတာကို မကျေနပ်နေလို့
အခုလိုတွေပြောထွက်လာတာပေါ့.."" ဆယ်ကျော်သက်အရွယ်တွေကတော့ ဒီလိုပဲ
သူတို့ထင်တာအမှန်ဆိုပြီး လုပ်တတ်ကြတာပါ
စိတ်ထဲမထားပါနဲ့..သူ ရှက်တာရော..စိတ်ဆိုး
တာရောကြောင့် ပြောမိပြောရာတွေပြောလိုက်
တာပါ..မင်းကလည်း သူပြောတဲ့စကားတွေကို
အတည်ယူမနေနဲ့.."" ကျွန်တော်က အဖေ တာဝန်မကျေဘူးလား
သူ အန္တရာယ်ဖြစ်မှာစိုးလို့ ကျွန်တော်နဲ့ဝေးရာ
ကို ပို့လိုက်မိတာပါ..ကျွန်တော် မှားသွားလား
Seungri က ကျွန်တော့်ကို Papa လို့တောင်
မခေါ်နိုင်တော့ဘူးတဲ့..Hyung..ကျွန်တော်.."" Ya...Kwon Jiyong..မင်းက ကလေးနဲ့ယှဉ်
ပြီး ဘာဖြစ်နေတာတုန်းဟ..သားအဖချင်း ရန်
ဖြစ်တာကို ဘာတွေခံစားနေတာလဲ.."" Seungri ပုံစံက ကျွန်တော့်ကို တကယ်စိတ်
နာနေတဲ့ပုံပဲ..ကျွန်တော် လုပ်ခဲ့မိတာတွေက
မှားများမှားသွားလားဆိုတာကို မစဉ်းစားတတ်
တော့ပါဘူး..Hyung ရယ် "" ဟိုက လူငယ်စိတ်မို့ သွေးပူနေတုန်း ပြောမိ
တာကိုကွာ..မနက်ကျ သူနားဝင်အောင် ရှင်းပြ
လိုက်ပေါ့..မင်း ပြောပြရင် သူ လက်ခံမှာပါ..ငါ
စဉ်းစားမရတာက Seungri က အရင်တုန်းက
ကုန်ကုန်ပြောရရင်..မနေ့ကအထိကို အဲ့လိုမျိုး
မဟုတ်ဘူး..မင်းရောက်လာမှ အပြောအဆိုက
အစ ရိုင်းသွားလိုက်တာ..ငါတောင် အံ့သြသွား
တယ်.."" သူ့ရင်ထဲကမကျေနပ်ချက်တွေက ကျွန်တော့်
ကိုမြင်တော့ ပေါက်ကွဲလာတာနေမှာ..Hyung
ပြောဖူးတယ်မလား..သူ ချစ်တဲ့သူကိုလွမ်းနေရ
တဲ့အချိန်မှာ..ကျွန်တော်က ရုတ်တရက်ရောက်
ချလာတော့ ဒေါသထွက်သွားတာဖြစ်မယ်.."" အင်း..ဖြစ်နိုင်တယ်..ဒါနဲ့..မင်းက ပြောတော့
နောက်တပတ်Seungri မွေးနေ့ကျမှလာမှာဆို
ဘယ်လိုဖြစ်လို့ ဗြုန်းစားကြီး ရောက်ချလာတာ
လဲ..အရေးတကြီးကိစ္စရှိလို့လား.."