Seung Hyun Hyung ဆီက ဘေးမသီရန်မခ
နဲ့ လေယာဉ်ဆိုက်သွားပြီ ဆိုတ့ဲ စာတိုလေးကို
မြင်လိုက်မှ စိတ်ချလက်ချအိပ်ပျော်သွားရတယ်
သူ အိပ်မပျော်တာ Seungri ဆေးရုံတက်နေရ
တ့ဲရက်တွေကတည်းကလေ..အခုမှပဲ စိတ်ကို
ဒုန်းဒုန်းချပြီး အိပ်နိုင်တာ..အိမ်မက်ထဲမှာတောင် Seungri က ငိုလို့..
YongPapa လို့ခေါ်နေတ့ဲအသံလေးက ရင်ထဲ
မှာဆို့နင်လာတ့ဲအထိပါပဲ..ကျွန်တော် Papa နဲ့
မခွဲနိုင်ဘူးဆိုပြီးပြောရင်း ငိုနေရှာတ့ဲပုံရိပ်လေး
က အိမ်မက်မက်ရင်း ဝိုးတဝါးမြင်ရတာတောင်
ရင်ထဲက အသည်းကိုဆွဲစုတ်ခံလိုက်ရသလိုပဲလန့်နိုးလာတော့..သူပါ မျက်ရည်တွေနဲ့..
Seungri ရော..သူ့ကိုအိမ်မက် မက်နေမလား
ယောင်ပြီး ငိုနေဦးမလား..သုံးနှစ်သားအရွယ်လေးကတည်းက ရင်ခွင်ထဲ
မှာ ကြီးပြင်းခ့ဲတ့ဲ ဒီကလေးလေးကို အဝေးကြီး
ဆီ တွန်းပို့လိုက်ရတာ သူ့အတွက် တော်တော်
ခက်ခဲခ့ဲတယ်..တရက်ကလေးတောင်ခွဲမနေဖူး
ခ့ဲတော့..~ Papa..မင်းကို အရမ်းလွမ်းတယ် Seungri
Papa လည်း မတတ်သာတ့ဲ အခြေအနေမို့ပါ
စိတ်တွေမကောက်ပါနဲ့နော်.......................
မနက်စာ ထမင်းဝိုင်းမှာ တယောက်တည်းစား
ရတာ ဒီလောက်အေးစက်နေမယ်လို့ မတွေးမိ
ခ့ဲဘူး..ပူနွေးနွေး နွားနို့တခွက်ကိုကြည့်ရင်း မြို
ချလိုက်ရတ့ဲ ပေါင်မုန့်ကလည်း အရသာမရှိဘူး
အိမ်ရဲ့ဆည်းလည်းလေးမရှိတော့တ့ဲနောက်မှာ
အိမ်ဟာ အိမ်နဲ့မတူတော့..~ ဒီကောင်လေးရော..မနက်စာမှစားရဲ့လား..
ဖုန်းခေါ်ဖို့အတွက် တုန့်ဆိုင်းနေမိတယ်..သတိ
မရလို့မဟုတ်ပါဘူး..သံယောဇဉ်တွေဖြတ်ဖို့ဆို
ရင် မဆက်သွယ်တာပဲကောင်းမယ်လို့ တွေးမိ
လို့..အသံလေးကြားချင်နေတာတောင်သည်းခံ
ပြီး နေနေရတာ..Seungri ကလည်း သူ့ဆီကို
လုံးဝဖုန်းဆက်မလာဘူး..တကယ်ပဲ စိတ်တွေ
ဆိုးနေပြီထင်ပါရဲ့..~ Papa က မင်းပျံသန်းဖို့ရာ အတောင်ပံတစုံ
မဖြစ်ပေးနိုင်ရင်တောင် မင်းကိုဆွဲချမယ့် လက်
ပိုင်ရှင်မဖြစ်ချင်ဘူး..Papa ကြောင့်..Papa ဆီ
မှာ သားအဖြစ်နဲ့ နေနေရတာကြောင့်..မင်းကို
မထိခိုက်စေချင်ဘူးလေ..မင်း တခုခုဖြစ်မှာစိုး
လို့..ချစ်လွန်းလို့ နှင်လွှတ်ခ့ဲရတာပါ..Papa နဲ့
ဝေးရာအရပ်မှာပဲ ဘေးအန္တရာယ်ကင်းကင်းနဲ့
ကောင်းကောင်းရှင်သန်ပေးပါ Seungri..
