" ဖယ်စမ်း.."
ဒေါသတွေ စိုးရိမ်ပူပန်မှုတွေကြောင့်နဲ့ driver
ကို ဂုတ်ကဆွဲချပြီး လီဗာကိုဆောင့်နင်းလိုက်
တယ်..Seung Hyun Hyung က ခါးပတ်ကို
တင်းနေအောင်ပတ်ကာ.." Jiyong..Seungri မသေပဲ..မင်းနဲ့ငါပဲအရင်
သေသွားဦးမယ်..ရူးနေတာလား.."ဝမ်းခေါင်းသံကြီးနဲ့အော်နေတ့ဲအသံဆိုးကြီးကို
တမင် မကြားချင်ယောင်ဆောင်လိုက်ရတယ်..~ အ့ဲ သေ ဆိုတ့ဲစကားလုံးကို မကြားချင်ဘူး..
မျက်လုံးထဲမှာ သွေးသံတရဲရဲနဲ့ဖြစ်နေရှာမယ့်
Seungri မျက်နှာလေးကိုပဲမြင်ယောင်နေရင်း..~ Seungri...
စိတ်ကောက်နေတ့ဲ ကလေးလေးကို မချော့ရ
သေးဘူးလေ..Papa စောစောပြန်လာမယ်လို့
ပြောပြီး မပြန်မိသေးဘူးလေ..Papa ကြောင့်ဖြစ်ရတာ..Papa အသုံးမကျလို့
မင်းကိုမကာကွယ်ပေးနိုင်ခ့ဲဘူး ကလေးရယ်..ဟွန်းသံတတီတီတွေလည်းဂရုမစိုက်နိုင်တော့
ဆဲသံဆိုသံတွေလည်း နောက်မှာကျန်ခ့ဲပလေ့
စေတော့..လီဗာကိုသာ ခပ်ကြမ်းကြမ်း နင်းပြီး
မောင်းလာခ့ဲလိုက်တော့တယ်..Seungri တို့ စီးလာတ့ဲ ကျောင်းကားက ဘေး
တစောင်းလှဲကျလို့နေတယ်..အနီးအနားမှာလဲ
ဆေးရုံတင်ကားတွေ ရဲကားတွေနဲ့ရှုပ်ရှက်တွေ
ကိုခတ်နေတာပဲ..ကားကိုဖြစ်သလို ထိုးရပ်ခ့ဲပြီး အရူးတယောက်
လိုပြေးဝင်သွားတော့ ယာဉ်ထိန်းရဲတချို့က သူ့
ကိုလှမ်းတားတယ်.." ကယ်ဆယ်ရေးလုပ်နေတာ..ခင်ဗျား ဝင်သွား
လို့မရဘူး.."" ကျွန်တော့်သားပါသွားတယ်..အဲ့ကားပေါ်မှာ
ကျွန်တော့်သားပါသွားတယ်လို့..ဖယ်.."တားနေတ့ဲလက်တွေကိုတွန်းထိုးတိုက်ပစ်ခ့ဲပြီး
လမ်းနဘေးမှာတင် အသက်ကယ်ပေးနေရတ့ဲ
ကျောင်းသားလေးတွေ..အဝတ်ဖြူအုပ်ထားတ့ဲ
မျက်နှာလေးတွေကို တယောက်ချင်းစီ သေချာ
လိုက်ကြည့်နေရင်း.." ကျောင်းသား Seungri ဘယ်မှာလဲ..ရှာပေး
ကြပါဦးဗျာ..ကျွန်တော့်ကလေးလေး ဘယ်မှာ
လဲ Seungri..ကျောင်းသား Seungri ကိုတွေ့
မိကြသေးလား.."