I Love You But Not Like That
6.
ကျွန်တော်ကိုကျွန်တော် သေသွားပြီထင်တာ..
Papa ရဲ့ဆေးလိပ်ငွေ့ကြောင့် အသက်ရှုကျပ်
ပြီး နိုးလာရတယ်..ပြတင်းပေါက်ဘက်ကိုလှည့်ကာ..ဆေးလိပ်ဖွာ
နေတ့ဲ Papa..ကျွန်တော့်အနားမှာ Papa ရှိနေ
တ့ဲဆိုတ့ဲ စိတ်ကြောင့်ထင်မယ်..ကြောက်လန့်
နေရတာမျိူးတွေ မရှိတော့ဘူး..Papa သာရှိနေ
ရင် ကျွန်တော်လုံခြုံတယ်လို့ ခံစားရတယ်လေကျောပေးထားတ့ဲ Papa ရဲ့နောက်ကျောပြင်ကို
ကြည့်ရင်း ကျွန်တော် ပြေးဖက်ပစ်လိုက်ချင်တ့ဲ
စိတ်တွေကို မနည်းထိန်းထားရသေးတယ်..Papa ကဘယ်လိုနေနေ အရမ်းကြည့်ကောင်း
နေလိုက်တာ..ကျွန်တော်သတိရလာမြင်တော့ Papa မျက်နှာ
ကစိတ်သက်သာရသွားသလိုဖြစ်ပေမယ့် တခု
ခုကို နောက်ဆံတင်းနေသလိုပဲ..ကျွန်တော်နဲ့ စကားတွေပြောနေပေမယ့်လည်း
Papa အသံတွေကတော်တော်လေးတုန်နေပြီး
ကျွန်တော့်လက်ကိုကိုင်ထားပေးတ့ဲ Papa ရဲ့
လက်ချောင်းလေးတွေမှာလည်းချွေးတွေစိမ့်လို့ကျွန်တော် ဒီလိုကြီးဖြစ်တော့ အရမ်းလန့်သွား
တယ်ထင်ပါရဲ့..Papa ကိုဆေးလိပ်တွေထပ်မသောက်ဖို့လည်း
ပြောရမယ်..အခုတောင် အ့ဲနှုတ်ခမ်းသားတွေ
က မဲချင်နေပြီလေ..စိတ်ပဲထင်နေလို့လားမသိဘူး..Papa ရဲ့ပုံစံက
တော်တော်လေး စိတ်ဆင်းရဲနေတ့ဲပုံ..အိမ်ကို
ပစ္စည်းပြန်ယူမယ်ဆိုပြီးထွက်သွားတ့ဲPapa ကို
သူ့ကို အရမ်းစိတ်မပူပေးဖို့ မပြောလိုက်ရဘူး..ကျွန်တော်က Papa ရဲ့ဝန်ထုပ်ဝန်ပိုးလေးမဖြစ်
ချင်ဘူးလေ..ညှိုးနွမ်းနေတ့ဲ Papa ပုံရိပ်တွေကိုမြင်နေရတာ
ကျွန်တော့်ကြောင့်များလား..ဆိုတ့ဲ ခံစားချက်
ကြီးကြောင့် စိတ်ထဲမှာနေလို့်မကောင်းဖြစ်နေ
ရတယ်..ကျွန်တော် ဘာမှမဖြစ်တော့ဘူးမို့ Papa..
အရမ်းမစိုးရိမ်ပါနဲ့တော့နော်..ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တ့ဲအချိန်..
Papa ရောက်နေတာက ကျွန်တော်နာကျင်နေ
တာတွေကိုတောင် ပျောက်သွားစေတယ်လေ