သူ့လက်ညိုးကို လက်သေးသေးလေးတွေနဲ့လာ
ဆုပ်ကိုင်ထားတ့ဲ ပုလုံးလေးကို ငုံ့ကြည့်လိုက်မိ
တယ်။" YongYong.."
သူ့ကိုမော့ကြည့်လာပြီး သွားရည်မနိုင်သေးတ့ဲ
ပါးစပ်ပေါက်သေးသေးလေးနဲ့လှမ်းခေါ်တော့..
Jiyong နှုတ်ခမ်းကိုတချက်တွန့်ကာ ပြုံးပြလိုက်
ရင်း.." YongYong လို့ ခေါ်လို့မရတော့ဘူးလေ..
SeungHyunie..Appa လို့ခေါ်ရမှာ.."" YongYong.."
" PaPa လေ..PaPa..လို့ခေါ်ကြည့်.."
" YongPaPa.."
၁၃ နှစ်အရွယ်ကောင်လေးတယောက်ဟာ
နေ့ချင်းညချင်း ကလေးအဖေ ဖြစ်ခ့ဲရတယ်..သူ့မွေးစားသားက ၃ နှစ်..
လက်မောင်းပေါ်မှာ အိပ်လျှက်လေးပါလာတာ
တ့ဲ ဒီကလေးကို..သူ့အိမ်ထဲ ပထမဆုံးအကြိမ်
ခေါ်သွင်းလာခ့ဲတုန်းက နာရေးဝတ်စုံလေးနဲ့..................
အာပြဲလျှာပြဲလန့်အော်ငိုနေတ့ဲအသံက ညတွေ
မှာ မထချင်ထချင်နဲ့ ထရတ့ဲအချက်ပြသံတွေ.." ဘာဖြစ်လို့လဲ..SeungHyunnie.."
" ကြောက်ကြောက်..ဝါး..."
" PaPa ရှိတယ်..မကြောက်နဲ့တော့.."
အကြောက်လွန်ပြီး ရှူးတွေပါပေါက်ချထားတာ
မို့ အမြန်သန့်ရှင်းရေးလုပ်ပြီး ချော့သိပ်လိုက်ရ
တယ်..သူ့ရင်ခွင်ထဲမှာ ပုလုံးလေးပြန်အိပ်ပျော်
သွားတော့မှ အခန်းဆီပြန်မယ်လုပ်တော့..
သူ့လက်ညှိုးကို အားကိုးတကြီးနဲ့ဆုပ်ကိုင်ထား
ပြန်တ့ဲ လက်သီးဆုပ်လေး..ဖြုတ်မချခ့ဲပစ်ရက်တ့ဲ ဒီလက်ကလေးကြောင့်ပဲ
မွေးစားသားလေးနဲ့တကုတင်တည်းတူတူအိပ်
ဖြစ်ခ့ဲကြတယ်..ရင်ငွေ့လံှုလို့ သာယာငြိမ်းချမ်းစွာ အိပ်စက်နိုင်
ပါစေ ကလေးငယ်..ကြောက်လန့်ရခြင်းတွေကင်းပါစေ..
..................
" မင်းက ကလေးအဖေလား.."
" ဟုတ်တယ်.."
" ကလေးအမေကရော.."
" သေပြီ.."
မူကြိုဆရာမရဲ့သင်္ကာမကင်းဖြစ်နေတ့ဲစိတ်တွေ
ကို သူ ရှင်းပြဖို့စိတ်ကူးမရှိခ့ဲဘူး..