Papa လဲကျသွားတော့..မင်္ဂလာခန်းမတခုလုံး
ပွက်လောရိုက်သွားတယ်..ပြေးတဲ့သူက ပြေး..
ပွဲဆက်ကြည့်တဲ့သူက ကြည့်နဲ့..ဝရုန်းသုံးကားဖြစ်သွားတဲ့အချိန်မှာ..ကျွန်တော်
ကတော့ မလှုပ်မရှက် ရပ်နေမိဆဲ..Papa ရဲ့တပည့်တွေကလည်း သေနတ်ကိုင်လို့
ထားတဲ့တရားခံက ကျွန်တော် ဖြစ်နေတော့..
ဘာမှမလုပ်ရဲကြဘူး ဒီအတိုင်းကျွန်တော့်ဘေး
မှာ..ပတ်ပတ်လည်ဝိုင်းထားပြီး အခြေအနေကို
အကဲခတ်နေကြတာ..ရှေ့တည့်တည့်ကမြင်ကွင်းကို တသက်လုံးမေ့
မှာ မဟုတ်တော့ဘူး..Papa ရဲ့အဖြူရောင်သတို့သားဝတ်စုံလေးခမျာ
သွေးတွေစွန်းကုန်ပြီ..ကောင်းတယ်..မလိုက်မှ
မလိုက်တာကို..ပါးစပ်ထောင့်ကနေ သွေးတွေ
စီးကျလာတာမြင်ရတော့ တုန်လှုပ်မိတယ်..~ ငါ ပစ်လိုက်တာ လွဲများလွဲသွားလား..
Jiyong အနားကို အရင်ဆုံးရောက်လာတဲ့ သူ
က SeungHyun Hyung..သေနတ်ကိုင်ထား
ဆဲ သူ့ကိုအရေးမစိုက်နိုင်ပဲ သွေးအိုင်ထဲမှာလဲ
နေပြီဖြစ်တဲ့ Jiyong ရဲ့ခန္ဓာကိုယ်လေးကို ပွေ့
လိုက်ပြီး..လူနာတင်ယာဉ်ခေါ်ဖို့ အော်ဟစ်လို့
နေတယ်..~ အဟက်..ခင်ဗျားရဲ့သတို့သမီးက သူ့အဖေ
နောက်မှာ ပုန်းလို့ပါ့လား..အသက်နဲ့လဲပြီး ချစ်
တယ်ဆိုတာ..ဟာသကြီးပဲ..Kwon Jiyongအကုန်လုံးက အံ့သြတဲ့အကြည့်တွေ..မယုံနိုင်
တဲ့အကြည့်တွေနဲ့ကြည့်နေရင်း..ထင်ရာမြင်ရာ
တွေ ပြောနေကြတဲ့အချိန်..သေနတ်ကို ရှေ့က
မင်္ဂလာလျှောက်လမ်းပေါ် လွှင့်ပစ်ခဲ့ကာ လှည့်
အထွက်.." Seungri..မင်း ဘာလုပ်လိုက်တာလဲ.."
လည်ချောင်းကွဲမတတ်အော်လိုက်တဲ့ အသံနဲ့
SeungHyun Hyung လည်း ဘာတွေဖြစ်လို့
ဖြစ်သွားမှန်း မဝေခွဲနိုင်သေးဘူး ထင်ပါရဲ့..ကျွန်တော့်မှာ အဖြေမရှိဘူး..သူကိုယ်တိုင်ရွေး
လိုက်တဲ့လမ်းကို ကျွန်တော်က အကောင်းဆုံး
ဖြစ်အောင် ဖန်တီးပေးလိုက်ရုံသက်သက်ပါပဲ..ကျွန်တော့်ဆီက ဘာအသံမှ ထွက်မလာတော့
SeungHyun Hyung က ဒေါသထွက်လာပြီး
မီးတောက်နေတဲ့မျက်လုံးတွေနဲ့ လူသတ်တော့
မယ့် အငွေ့အသက်တွေ..