အခန်းထဲမှာ ဘာအသံမှ မကြားရတော့တာနဲ့
Seung Hyun တယောက် စိတ်ပူပြီး တံခါးဖွင့်
ကြည့်လိုက်ရတယ်..Seungri ဆိုတဲ့ကောင် ရူးကြောင်မူးကြောင်နဲ့
ဘယ်သူမှ အနားကပ်လို့မရခဲ့တဲ့ မှောင်ခိုဂိုဏ်း
ခေါင်ဆောင်ကိုတောင် တယောက်တည်းသွား
ပြီး ခေါင်းဖြတ်ယူလာခဲ့ပုံထောက်ရင်..စိတ်က
မှန်သေးမှာ မဟုတ်လောက်ဘူး..ကမှူးရှူးထိုးနဲ့
Jiyong ကိုတခုခုထပ်လုပ်လိုက်မှာစိုးရိမ်ရတာ
မို့..ပျာပျာသလဲ ဝင်လာလိုက်ပေမယ့်..လူနာဖြစ်တဲ့ Jiyong ကကုတင်ကိုမှီထိုင်နေပြီး
သူ့ရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်ပျော်နေရှာ
တဲ့ Seungri ကို လက်နဲ့ပွေ့ဖက်လို့ထားတယ်
အခုကျတော့လည်း သားတော်မောင်က အဖေ
ကို ပြန်ချွဲလိုက်ပြီ ထင်ပါရဲ့..ခုနကတော့..တလောကလုံးကို မီးတင်ရှို့တော့
မယ့်အထာနဲ့ လူဆိုးခေါင်းဆောင်နေရာကို လု
ယူလာတာလိုလို..အခုကျ အားကိုးစရာ ရင်ခွင်
ထဲလည်းရောက်ရော..ကြည့်ပါဦး..ပန်ဒါပေါက်
လေး အတိုင်းပဲ..SeungHyun ဝင်လာတာလည်းမြင်လိုက်ရော
Jiyong က သူ့ရင်ခွင်ထဲက ကလေးမဟုတ်..
လူကြီးမဟုတ်လေး နိုးသွားမှာစိုးပြီး..လက်ညှိုး
ကို နှုတ်ခမ်းပေါ် တင်လိုက်ကာ.." ရှူး.."
Jiyong ရဲ့ပုံစံက တခုခုကို ရှက်ရွံနေပေမယ့်..
ကြည်နူးနေသလိုမျိုး..အင်းပေါ့ ဒီကမ္ဘာပေါ်က သူရဲ့တဦးတည်းသော
သံယောဇဉ်လေးပြန်လာတဲ့အခါ မပျော်ပဲနေပါ့
မလား..သေချာပေါက် အပျော်လွန်နေမှာ..Seungri အိမ်ကထွက်သွားတဲ့ ၃ နှစ်လုံးလုံး..
Jiyong စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရှာတာ
ကို Seung Hyun အသိဆုံးပဲ..သူလည်း တစက်ကလေးမှ အငြိမ်မနေခဲ့ရဘူး
Seungri ရဲ့ သတင်းသဲ့သဲ့ ကြားတဲ့နေရာတိုင်း
ကို အပြေးသွားပြီးစုံစမ်းခဲ့ရတာ..သူသာမသွား
ရင်..Jiyong က ကိုယ်တိုင်သွားတတ်လွန်းလို့
အန္တရာယ်များတာတွေ ဘာတွေမစဉ်းစားတော့
ပဲ..Jiyong က အရူးတယောက်လို မြင်တဲ့ လူ
တိုင်းကို Seungri ရဲ့ဓာတ်ပုံလေးထုတ်ပြကာ..
လိုက်မေးနေတဲ့မြင်ကွင်းက..တကယ့်ကို သား
ပျောက်ရှာနေတဲ့ ဖအေကြီးလို..