~ ငါ မသေသေးဘူး..တကယ်မသေသေးတာ
ပဲ..ငါ မသေဘူးဆိုတော့ Papa ရဲ့အဆိုးလေး
မင်းများ စိတ်ပျက်သွားလေမလား..နောက်တခေါက် ထပ်လာသတ်ဦးမှာမလား..
" သတိရလာပြီလား..Jiyong.."
မျက်လုံးဖွင့်ဖွင့်ချင်း..SeungHyun Hyung ရဲ့
စိုးရိမ်တကြီးဖြစ်နေတ့ဲမျက်နှာကိုမြင်လိုက်ရပြီး
ချက်ချင်းပဲ အမြင်အာရုံတွေဝေဝါးလာတယ်..
မျက်ရည်စီးကြောင်းတွေက ယောကျာ်းတွေနဲ့
မလိုက်ဖက်ဘူးဆိုတာသိပေမယ့်..တင်းထားလို့မရတ့ဲအဆုံး သူ ငိုချလိုက်မိတယ်
သေနတ်ကိုင်ထားတ့ဲ Seungri ရဲ့ပုံရိပ်တွေကို
ပြန်မြင်ယောင်တိုင်း ရင်တွေကွဲကြေလုမတတ်" Seungri.."
" တ မနေနဲ့..သူ ထွက်သွားပြီ..မင်းကို ပစ်ပြီး
တာနဲ့ ဘာမှမပြောပဲထွက်သွားတာ.."Papa က မင်းကို ပြေးဖက်ထားချင်ခ့ဲတ့ဲသူပါ..
မင်း ချိန်လိုက်တ့ဲ သေနတ်ပြောင်းဝကိုမမြင်ခ့ဲမိ
တ့ဲအထိ..လွမ်းနေခ့ဲရတ့ဲ မင်းရဲ့မျက်နှာလေးကို
တချိန်လုံး ကြည့်နေခ့ဲမိတာပါ..အေးစက်နေတ့ဲ မင်းမျက်ဝန်းတွေကို မြင်တော့
ဒီကလေးလေးတော့စိတ်ကောက်နေတုန်းပဲလို့
အထင်နဲ့ မင်းရဲ့မူမမှန်မှုတွေကိုမမြင်နိုင်ခ့ဲဘူး..မင်းကိုချော့လည်းချော့ရမယ်..ဆူလည်းဆူရဦး
မယ်လို့ တွေးထားပေမယ့် အရင်ဆုံး ရင်ခွင်ထဲ
မှာ ထည့်ပြီးဖက်ထားချင်ခ့ဲတ့ဲ Papa ရဲ့လွမ်းနာ
ကျမှုတွေကို မင်းမမြင်ခ့ဲလို့..အ့ဲကျည်တတောင့်
ကို..Papa ရင်ခွင်ဆီ ပစ်သွင်းခ့ဲလိုက်တာလား
Seungri ရယ်..နာကျင်မှုနဲ့လဲကျသွားတ့ဲအချိန်မှာတောင်မှလေ
ဟောဒီက Kwon Jiyong က..သေသွားလိုက်
ရမှာကိုမကြောက်ပေမယ့် Papa ရဲ့လူဆိုးလေး
ကံကြီးထိုက်မှာကိုတော့ တွေးပူမိခ့ဲသေးတာ..၃ နှစ်တာ လွမ်းဆွတ်ခြင်းတွေက ထပ်တူမကျ
ခ့ဲတာကို ပိုဝမ်းနည်းရပါတယ်..Papa နဲ့ မင်းနဲ့
ကြားက သံယောဇဉ်က ဒီလိုပဲ ပြတ်တောက်ခ့ဲ
ပြီလားဆိုတာ တွေးမိတိုင်း ရင်ကွဲရပြန်တယ်..မင်းရဲ့ Papa က သေနတ်ပစ်တမ်း ကစားသွား
တ့ဲ မင်းကိုမှ မမုန်းနိုင်တာပဲ..