" Jiyong..မင်း Seungri နဲ့ ခွဲနေသင့်ပြီနော် "
SeungHyun Hyung က သတိပေးလာတော့
သူဖတ်လက်စ စာရင်းဖိုင်တွေကိုပိတ်လိုက်ပြီး" Seungri ကိုတယောက်တည်းထားခဲ့ဖို့က.."
" မင်းလုပ်နေတဲ့အလုပ်တွေက တချိန်ချိန်မှာ..
သူ့ကို အန္တရာယ်ပေးလာနိုင်တယ်ဆိုတာ မင်း
ရော ငါရော သိပြီးသားလေ Jiyong.."" သူက အရမ်းငယ်သေးတယ်.."
" ၁၇ နှစ်ကမငယ်တော့ပါဘူးကွာ..ခုခေတ်မှာ
သူ့လိုအရွယ်လေးတွေ ကျောင်းတက်ပြီးအချိန်
အလုပ်တွေတောင် လုပ်နေကြပြီ..မင်းကသာ
မင်းရဲ့သားကို ကလေးလို့ထင်နေတာ.."" သူ..ကျွန်တော့်လက်မောင်းပေါ်မှာ အိပ်ပျော်
နေတာ မနေ့တနေ့ကလိုပါပဲ..သူ ခုလို အရွယ်
ရောက်လာတာကိုမြင်နေရပေမယ့် အခုချိန်ထိ
တယောက်တည်းထားခဲ့ဖို့ကို အဆင်သင့်မဖြစ်
သေးဘူးဗျာ..ဒီအိမ်ကို သူစလိုက်လာကတည်း
က ကျွန်တော်နဲ့ခွဲပြီးမနေဖူးတော့ ဖြစ်ပါ့မလား
စိုးရိမ်တာပါ.."" အေးပါ..ငါကလည်း သူ့အတွက် စိတ်ပူနေရ
မှာစိုးလို့လေ..ခုတလော မင်းနာမည်ကလည်း
လူသိရှင်ကြားဖြစ်လာပြီဆိုတော့..သတိထားရ
တော့မှာ..မင်းရဲ့နောက်ကြောင်းတွေကို လိုက်
စုံစမ်းကြရင် Seungri ကိုပါ အာရုံစိုက်စရာဖြစ်
သွားကြမှာစိုးလို့.."SeungHyun Hyung ပြောတာတွေက အမှန်
တွေပဲမို့ သက်ပြင်းပဲချလိုက်မိတော့တယ်..
ဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စတွေနဲ့ ကြုံလာရင်
သူ့ကြောင့် Seungri ဘဝမှာ အမဲစက်မထင်ခဲ့
စေချင်ဘူး..သူတို့မိဘတွေလည်း ဒါကြောင့်ပဲ
ဒုက္ခရောက်ခဲ့ရတာမလား..ဒီကလေးလေးကို
ထပ်မနာကျင်စေလိုတော့ပါဘူး.." အင်းပါ..ကျွန်တော် စဉ်းစားလိုက်ပါဦးမယ် "
" မင်း ဒီလမ်းကြောင်းပေါ်ကနေ မစွန့်ခွာသေး
သရွေ့တော့ ဒီလိုပဲဆုံးဖြတ်ရတော့မှာပဲ..ဒါမှ
မဟုတ်.."" ဆက်မပြောနဲ့တော့..Hyung..ကျွန်တော်က
ဒီအတိုင်းပဲ ရှေ့ဆက်သွားနေမှာ..မပြီးသေးတဲ့
ကိစ္စတွေရှိနေသေးတယ်လေ.."" ဒါပေမယ့်..."
ဒေါက်..ဒေါက်..
" YongPapa.."