Papa ကကျောက်ရုပ်ကြီးအတိုင်း မလှုပ်မရှက်
ကျွန်တော့်ကို တည့်တည့်ကြီးစိုက်ကြည့်နေပြီး
ဘာစကားမှလည်းမပြောတော့ဘူး..ဖွင့်ပြောပြ
လိုက်ရင် လက်မြန်တဲ့ Papa ကဆွဲထိုးပစ်လိမ့်
မယ်လို့ ထင်ထားခဲ့ပေမယ့် လက်တွေ့မှာတော့
Papa က ကြက်သေသေနေပုံရတယ်.." Papa..ကျွန်တော် ပြောတာကြားရဲ့လား.."
Jiyong တကယ် ဆက်မကြားတော့ပါ..ချစ်သူ
လို ချစ်တာဆိုတဲ့..Seungri ရဲ့ဖွင့်ဟဝန်ခံမှုက
သူ့အတွက် သေနတ်နဲ့ နောက်တချက်အပစ်ခံ
လိုက်ရသလိုပဲ..ဒီတခါ နှလုံးသားကိုထိသွားပုံ
ရတယ်..ပူကနဲ..လွန်ခဲ့တဲ့ ၃ နှစ်က..ဒီကောင်လေးရဲ့ပြောင်းလဲ
လာတဲ့ အကြည့်ရိုင်းတွေ..စကားအသုံးအနှုန်း
တွေကို သတိထားခဲ့မိပေမယ့်..ဒီလိုမျိုးအထိကို
မတွေးခဲ့မိလိုက်ဘူး..သူနဲ့ကိုယ်က သားအဖ မဟုတ်လား..
အခု သူ့အတွက်နဲ့အန္တရာယ်များတဲ့အလုပ်တွေ
လုပ်လာတယ်..ဒီလိုတွေလုပ်တာ သူနဲ့ မခွဲနိုင်
လို့..အတူတူနေချင်လို့..သူ့ကိုချစ်လို့ဆိုပြီးပြော
နေတဲ့ အချိန်အခိုက်အတန့်က အရမ်းမြန်လွန်း
လို့..ပြေးလိုက်နေရသလိုပဲ..Jiyong အတွေးကမ္ဘာထဲမှာချာချာလည်နေရင်း
Seungri ကို ကြည့်လိုက်မိတယ်..အရင်ကလို
ပိုးမွေးခံထားရတုန်းကလို ဖြူဖြူနုနုဖွေးဖွေးလေး
မဟုတ်တော့ပဲ တကယ့်ကိုယောကျာ်းပီပီသသ
ကြီးဖြစ်နေပြီ..ဒါနဲ့များ ယောကျာ်းချင်း ကြိုက်မှာ
တဲ့လား..သူ့အကြည့်တွေကိုမလွှဲနိုင်ခင်..ဒီအကြည့်တွေ
တွေ အောက်မှာနစ်မြှုပ်မသွားခင်..သူ့ကိုယ်သူ
နှစ်သိမ့်လိုက်မိတယ်..~ ဒီကောင်လေး..ငါ့ကို တမင်ကြပ်နေတာနေ
မှာပါ..စိတ်ဆိုးနေလို့နေမှာပါ..Papa က ကျွန်တော့်ကိုမျက်ကြောင်တွေနဲ့လာ
စိုက်ကြည့်နေပြန်တာ..ကျွန်တော်ပြောနေတာ
တွေလည်း ကြားမယ့်ပုံမပေါ်ဘူး..~ ချစ်တယ်လို့အပြောခံလိုက်ရတာနဲ့ စိတ်များ
လွတ်သွားတာလား..Papa ရယ်ကိုင်ထားတဲ့ပုခုံးလေးတွေကို အသာလေးလှုပ်
လိုက်ရင်း.." Kwon Jiyong..ကျွန်တော် ပြောနေတာတွေ
ကို ကြားလားလို့မေးနေတယ်လေ.."