Happy Birthday to you,,
Happy Birthday Dear..Seungri,,
Happy Birthday to you,,မွေးနေ့သီချင်းသံလေးအဆုံးမှာ ၁၈ တိုင်သော
ရောင်စုံဖယောင်းတိုင်လေးတွေကို ကြည့်ရင်း
ပြုံးမိတယ်..Papa က ဘယ်လောက်ပဲ အလုပ်
တွေ ရှုပ်နေပါစေ..ည ၁၂ ထိုးပြီးလို့ သူ့မွေးနေ့
ရောက်တာနဲ့..အခန်းထဲကို မွေးနေ့ကိတ်လေး
ကိုင်ကာ မွေးနေ့ဆုတောင်းစကားပြောပေးနေ
ကျ..တနှစ်မှမပျက်ကွက်ခ့ဲဘူး..အခုလည်း..
" မွေးနေ့မှာပျော်ရွှင်ပါစေ..Papa ရဲ့ပန်ဒါလေး
နောက်နှစ်..နောက်နှစ်တွေအထိ ပျော်ပျော်ရွှင်
ရွှင် ကျန်းကျန်းမာမာနဲ့နေသွားရမယ်နော်.."" ကျေးဇူးတင်ပါတယ် Papa.."
ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတ့ဲ Papa အပြုံး
တွေက သိပ်ဖြူစင်လွန်းနေတာမို့..အကြည့်ကို
မြန်မြန်လွှဲလိုက်ရတယ်..ကျွန်တော့်ဘက်ကပဲ
ဒီသံယောဇဉ်တွေကို..စိတ်ရှိလက်ရှိ အရောင်
ဆိုးနေပေမယ့်..Papa ကတော့ အဖြူထည်.." မွေးနေ့ဆုတောင်းဦးလေ.."
" ဟုတ်က့ဲ..Papa.."
မျက်စိမှိတ်ချလိုက်ပေမယ့်..အာရုံထဲမှာ Papa
မျက်နှာလေးပေါ်လာပြန်တယ်။သေချာပါတယ်..
ကျွန်တော့်မွေးနေ့မှာ အလိုချင်ဆုံးက Papa ပဲ
ကျွန်တော့်တဘဝလုံးစာအတွက် လိုချင်တယ်
Papa ကို အပိုင်ရချင်တယ်..ကျွန်တော့်ရဲ့ဆန္ဒ
တွေ Papa သိပါစေလေ..ဖယောင်းတိုင်မီးတွေကိုမှုတ်လိုက်တော့..
" ဘာလက်ဆောင်လိုချင်လဲ..Papa ဘာ ဝယ်
ပေးရမလဲ.."" ကျွန်တော် Papa နဲ့ပဲ အတူတူရှိချင်တာပါ "
" အင်းပါ..အရင်တခေါက်က မင်းပြောထားလို့
Papa က မင်းကို အချိန်ပေးနေတာပဲ..တပတ်
လုံးလုံးပဲ..မင်းနဲ့အတူတူနေပေးတယ်လေကွာ
အခု မွေးနေ့လက်ဆောင် ဘာလိုချင်လဲ..ပြော
Papa ဝယ်ပေးမယ်.."ဘယ်လိုပဲစဉ်းစားစဉ်းစား..သူ လိုချင်နေတာမျိုး
တကယ်ဘာမှမရှိဘူး..အသုံးအဆောင်ပစ္စည်း
တွေကလည်း Jiyong က လိုလေသေးမရှိကို
ဖြည့်ဝယ်ပေးနေတာဆိုတော့..အထူးတလည်
ဝယ်ပေးပါလို့ တောင်းစရာမရှိဘူးဖြစ်နေတာ..