ကျွန်တော် အရမ်းပင်ပန်းနေပြီ Papa..
ကိုယ့်ကိုတသက်လုံးပြုစုစောင့်ရှောက်ပေးခဲ့တဲ့
လူကိုမှ ကျွန်တော်က မတော်တရော်စိတ်နဲ့ချစ်
မိနေတယ်..အဲ့လူကယောကျာ်းလေး..အဲ့လူက
Papa..ဒီနှစ်တွေမှာ ကျွန်တော်ရင်ထဲကအချစ်တွေကို
Papa မရိပ်မိအောင်..အဲ့စိတ်ကြီးကို ဘယ်သူ
မှမသိအောင် ဖုံးကွယ် ဟန်ဆောင်နေခဲ့ရတာ
အရမ်းပင်ပန်းတာပဲ..Papa မျက်နှာကိုမြင်တိုင်း ကျွန်တော့်အိမ်မက်
ထဲက ပုံရိပ်ယောင်တွေကိုပြန်မြင်ယောင်မိရင်း
ကျွန်တော့်ကို ကျွန်တော်ရွံတယ် Papa..အဲ့ဒါ
ကြောင့်လည်း Papa ကို ရှောင်နေမိတာပါ..ကျွန်တော် ဘယ်သူ့ကိုမှလည်းမပြောပြရဲဘူး..
ဒီအတိုင်းကြီးမြိုသိပ်ထားရတာလည်း မွန်းကျပ်
လာလို့..ဟိုတနေ့က Papa..ကျွန်တော့်အခန်း
ထဲဝင်လာတုန်း ချစ်တယ်လို့ပြောလိုက်မိတယ်Papaကတော့ ကျွန်တော့်စိတ်ကိုသိမှာမဟုတ်
ပေမယ့်..အဲ့တုန်းက ကျွန်တော့်ရင်ထဲမှာလေ..
ဗြောင်းဆန်နေတာပဲ..ကျွန်တော့်ရင်ခုန်သံတွေ
ကို..Papa မသိအောင်ထိန်းနေရတာ အသက်
ရှူတောင်ကျပ်လာတယ်..Papa ရဲ့အငွေ့အသက်တွေအောက်မှာ..ရူးချင်
သလိုလိုဖြစ်လာတယ်..Papa သာ ပိုကြာကြာ
လေး ဖက်ထားပေးနေခဲ့ရင် ကျွန်တော်လေ..
ကျွန်တော် Papa ကို ဘာလုပ်မိမယ်မှန်းသိမှာ
မဟုတ်ဘူး..ကျွန်တော်က ရွံစရာကောင်းတယ်မဟုတ်လား
ကျွန်တော် Papa ကိုဒီလိုပုံစံနဲ့စော်ကားနေမှန်း
သာသိရင်..Papa ကျွန်တော်ကို သေချာပေါက်
မုန်းသွားနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်..
ကျွန်တော့်လိုကျေးဇူးမသိတတ်တဲ့ကောင်မျိုးက
Papa နဲ့မတန်ပါဘူး..ကျွန်တော်လည်းမချစ်ချင်
ပါဘူး..ဒါပေမယ့် Papa..
ကျွန်တော် ချစ်မိနေတယ်..
Papa ကို ကျွန်တော် လိုချင်တယ်..ဒီနေ့ရက်စွဲနဲ့noteကို save လိုက်ပြီး Seungri
ခုံပေါ်မှာခေါင်းတင်ထားရင်းဖုန်းကိုကုတင်ပေါ်
လွှင့်ပစ်လိုက်တယ်..ဆက်ရေးနေရင် တကယ်
ငိုမိတော့မှာလေ..စာအုပ်ထဲမှာရေးထားရင်..မတော်တဆ Papa
ယူဖတ်မိသွားမှာဆိုလို့ သူ့ဖုန်းထဲမှာသိမ်းထား
တဲ့ စာပိုဒ်လေးတွေကလည်း အများအပြား..