အပိုင်း ၁၀

12.5K 1K 9
                                    

လွမ်းတယ်လို့ ပြောလာတဲ့အခါတိုင်း
မင်းနှုတ်ခမ်းကို ဖွဖွနမ်းပြီးသတိပေးမယ်
မင်းရှိမယ့်နေရာမှာ ငါရှိနေမယ်ဆိုတဲ့ အကြောင်း။

******************

နွေဦးမှာ တိုက်တဲ့ လေပြေနွေးနွေး။ ခုံတန်းလေးမှာ ထိုင်ပြီး နေရောင်ခြည်ဖြာကျနေတဲ့ ချစ်ရသူမျက်နှာ နုနုလေးကို တစ်စိမ့်စိမ့်ကြည့်မယ် ။သူ့လက်လေးကို ဆုပ်ကိုင်ပြီး အနာဂတ်အကြောင်းကို ဆွေးနွေးမယ် ။ဒါပေမယ့် တကယ် ကြည်နူးဖို့ကောင်းတဲ့ ဒီအရာတွေသာ အိမ်မက်မဟုတ်ခဲ့ရင်ကောင်းမည်။

ဆေးရုံခန်းထဲ နေရောင်ဖြာကျလာတဲ့အခါ ရှောင်းကျန့် နိုးလာလေသည် ။ မျက်လုံးဖြေးဖြေးဖွင့်ကြည့်တော့ မြင်ရတဲ့ မျက်နှာကျက်ကြောင့် သူ ဆေးရုံရောက်နေတယ်ဆိုတာ တန်းသိလိုက်တယ်။ ဆန့်ဆန့်ကြီးအိပ်နေရတာကြောင့် ညောင်းလာတာမို့တစ်ဖက်ကိုလှည့်ချင်ပေမယ့် သူ့လက်တစ်ဖက်ကို တစ်ခုခုနဲ့ ဖိခံထားရသလိုခံစားနေရတယ်။  ရှောင်းကျန့် မနေနိုင်တော့သည်မို့ ခန္ဓာကိုယ်ကိုဖြေးဖြေးချင်းလှည့်ရင်း သူ့လက်နားရှိနေသူကိုငုံ့ကြည့်လိုက်တယ်။

What? ဝမ်ရိပေါ် ။ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။ သူ တစ်ညလုံး ဒီလိုအိပ်နေတာလား။ရှောင်းကျန့် ကိုယ်ကို အနည်းငယ် လှုပ်လိုက်မိတော့ ရိပေါ် နိုးလာလေသည် ။

ထို့နောက်သူ့ကို တွေ့တော့...

" သက်သာလား၊ အဆင်ပြေလား၊ နေအုံး ဆရာဝန်သွားခေါ်လိုက်မယ် "

ပြောလဲပြော လူတစ်ကိုယ်လုံးကိုလဲ ဟိုစမ်းဒီစမ်းနဲ့ အခန်းပြင်ပြေးထွက်ဖို့ကြံနေလေသည်။
သူဘာလို့ ဒီလောက် ပျာယာခက်နေရတာလဲ ။

" ရ... ရတယ် ငါသက်သာတယ် "

ထွက်သွားတော့မယ့် လူရဲ့လက်ကိုအတင်းဆွဲပြီး
ပြောတော့မှ ခုံပေါ်မှ အသာလေးပြန်ထိုင်တယ်။ ပြီးတော့ သူ့ကို မတွေ့ရတာကြာနေပြီးဖြစ်တဲ့ လူတစ်ယောက်လူမျိုးကြည့်နေသည်။

အာရှီး! ဘာလို့ ငါ့မျက်နှာကို အဲ့လောက် ကြည့်နေရတာလဲ။ မျက်နှာမှာတစ်ခုခုပေနေလို့များလား။ဒါက ရှောင်းကျန့်ကိုနေရခက်စေတယ်။ နေအုံး ဒါဆို  ညက ရိပေါ်ကိုခေါ်လိုက်တာ ငါကိုယ်တိုင်ပေါ့။  ဟိုက  ဘာလို့ ခေါ်တာလဲမေးရင် သူဘယ်လို ဖြေရမလဲ။ ဘယ်လိုပြန်ဖြေသင့်လဲယ ရှောင်းကျန့် ဗိုက်အောင့်တာ သက်သာပြီး အခုမှ ခေါင်းက မူးချင်ချင်ဖြစ်လာသည်။

L O V E  [YIZHAN]Where stories live. Discover now