7:00 AM
ဒီအချိန်ရောက်သည်နှင့် ရှောင်းကျန့် တစ်ယောက် မီးဖိုချောင်မှာ တစ်ကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေလေပြီ။ မနက်စာအတွက် သီးစုံထမင်းကြော်ပြီး ကော်ဖီပါ ဖျော်ထားလိုက်သည်။ ပြီးတာနဲ့ အခန်းထဲဝင် မထသေးတဲ့ ကိုယ်တော်ကို တစ်ချက်ခေါ်နှိုး၊ ဝတ်ရမယ့် အဝတ်အစားနဲ့ တဘတ်ပါ အဆင်သင့်ထုတ်ပေးပြီး နောက်ဆုံး တစ်ခေါက် အသံပေး နှိုးရအုံးမည်။
" နိုးရင် ထတော့ ရိပေါ် ကားပိတ်နေရင် အလုပ်နောက်ကျနေအုံးမယ်။ save energy my baby wake up wake up! "
အခုထိ ဆံပင်စုတ်ဖွားနဲ့ အိပ်ရာပေါ် ဟိုဖက်လှိမ့်ဒီဖက်လှိမ့် နေတုန်းပင် ။
" မထဘူးလား ဝမ်ရိပေါ် "
ခါးထောက် အသံမိုင်ကုန်နဲ့ နှိုးရလေပြီ ။
" morning kiss morning kiss ပေးရင် ထမယ် "
ရှောင်းကျန့် တစ်ချက် ဆွေကြည့်ပြီး ငုံ့နမ်းလိုက်မှ ထတော့သည်။ ထတယ်ဆိုလို့ တကယ်ကြီး ထတယ် မထင်လေနှင့်။ အခုမှ တစ်ဆင့်ပြီးချင်းပင်။ ဒုတိယအဆင့် ကုတင်ပေါ် ငုတ်တုတ်ထိုင်နေတာကို ထအောင်လုပ်ရပေအုံးပေမည်။
" ကလေးလား ဘယ်လိုအိပ်လို့ ဆံပင်တွေဒီလို စုတ်ဖွာနေရတာလဲ "
ပြောလဲပြော ရိပေါ်ဆံပင်တွေကို လက်နဲ့ သပ်ချပေးရင်း...
" မနက်စာ စားမို့ စောင့်နေမှာမို့ ရေချိုး ပြီး ဆင်းလာနော် လိမ္မာတယ် baby က "
" အင်း အင်း "
အိပ်ရေးမဝရင် ဆောင့်ဆောင့်အောင့်အောင့်နဲ့ ဝမ်ရိပေါ်က တကယ့်ကလေးဆိုးပင် ။ချော့တစ်လှည့် ခြောက်တစ်လှည့်နဲ့ သူ့ကို ထိန်းရတဲ့ အခါမျိုးလဲ ရှိသလို၊ ရင့်ကျက်ပြီး အရာရာ ဦးဆောင်နိုင်တဲ့ သူအဖြစ်လဲ တစ်ပြိုင်တည်းမှာ ရှိနေတက်ပြန်တယ်ယ ထိုသူက ကျွန်တော်ချစ်သော လူသားတစ်ဦးပင်။
ရိပေါ်က ဘယ်လောက်အလုပ်များများ သူနဲ့ အတူ ထမင်းပြန်လာစားပေးသည်။ သူ.ပင်ပန်းမှာဆိုး၍ အိမ်အကူ ခေါ်ရအောင် ပြောပေမယ့် ရိပေါ် အတွက် သူပဲ ပြင်ဆင်ပေးချင်သည် ဒီကလေးကလဲ သူ့အသုံးအဆောင်တွေဆို သူကလွဲရင်ကိုင်တာ မကြိုက်ချင်တာမို့ ရှောင်းကျန့်ဘဲ အိမ်ကိစ္စ တွေကို တာဝန်ယူထားလေသည် ။
STAI LEGGENDO
L O V E [YIZHAN]
FanfictionYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.