အပိုင်း ၅

12.2K 1K 10
                                    

" ဝမ်ရိပေါ် အစ်မပါ တို့နဲ့ တွေ့ရအောင် "

" ကျွန်တော် အခု... "

" အမသိပါတယ်။ လေယာဉ်ချိန်က ၁၀နာရီမှပါ ခဏပဧ စကားပြောမှာပါ "

" ဟုတ်ကဲ့ ကျွန်တော်လာတွေ့ပါ့မယ်။ ဦးလေး ကျွန်တော့ကို ကားတစ်ချက် ပြန်ကွေ့ပေးပါ"

အချိန်ရှိသေးတာမို့ ရှောင်းကျန့်ကားကို ပြန်ကွေ့ခိုင်းလိုက်သည် ။

Coffee ဆိုင်ရှေ့ရောက်တော့ ရှောင်းကျန့် နာရီကြည့်မိလိုက်တယ်။ ၉နာရီ ၁၅ မီနစ်။

ငါ ရောက်အောင်လာခဲ့မယ် ရိပေါ် ။ ခဏပဲ စောင့်ပေးပါ ။

" ထိုင်ပါ အစ်မက ရိပေါ်အမ ဝမ်ရွယ်ယန်ပါ "

" ဟုတ်ကဲ့ ကျွန်တော် ရှောင်းကျန့်ပါ။ ကျွန်တော့ကို ပြောချင်တာ "

" အင်း မလောပါနဲ့ "

ရှောင်ကျန့် သူ့အရှေ့က အမျိုးသမီးကို ကြည့်လိုက်တယ် ။ သူ့ထက် ၄နှစ်လောက်သာ ကြီးမယ့်ပုံပေမယ့် ထက်ထက်မြတ်မြတ် ရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ ဆိုတာ သိသာတယ်။ အထူးသဖြင့် ရိပေါ်လို မျက်နှာတည်ပြီး အေးချမ်းတာရော မာန်ရှိတာရောပေါင်းစပ်ထားတဲ့ မျက်နှာပုံစံ။

" မင်းတို့ကိစ္စကို အစ်မ သိတာ ကြာပါပြီ။ ဖေဖေနဲ့မေမေကတော့ သိတာ မကြာသေးဘူး "

"......."

ပြတ်သားစွာ ထွက်လာတဲ့အသံကြောင့် ကျွန်တော် ခေါင်းတစ်ချက်ညိမ့်ပြရုံ အသိအမှတ်ပြုလိုက်မိတယ်။ မကြောက်ဖူးဆိုရင်တော့ လိမ်တာပင်။.လက်တစ်ခုလုံး ချွေးစေးပြန်နေပြီး၊ စိတ်ပူမှုကလဲ တဟုန်ချင်းထိုးတက်လာတယ်။

" ဖေဖေတို့က မကန့်ကွက်ပေမယ့် သဘောတူမယ့် လူတွေ မဟုတ်ဘူး ရှောင်းကျန့် ။ အစ်မလဲတူတူပဲ မင်းတို့ကြားမှာရှိတဲ့ သံယောဇဉ်၊ အချစ်တွေကြောင့်ပဲ ဖြစ်ဖြစ်အစ်မတို့ကတော့ ကိုယ့်မိသားစုထဲမှာ ဒီလိုလူမျိုး တစ်ယောက်ရှိနေတာကိုတော့ လုံးဝလက်မခံနိုင်ဘူး။ ပြီးတော့ ဝမ် group ။မမတို့ဘက်မှာ တစ်ချက်မှ အမှားမခံနိုင်တဲ့ ကိစ္စတွေရှိတယ် ရှောင်းကျန့် ။အစ်မက drama တွေ ဆန်ချင်လို့ အခုချိန် လာတွေ့တာတော့မဟုတ်ဘူး။ အစ်မ ပြောချင်တာကို လာပြောတာပါ။ မင်းတို့ လူငယ်တွေက တားလေ ပိုလုပ်ချင်ကြလေမလား ဖေဖေကတော့ ဘယ်လိုနည်းနဲ့သုံးမလဲ အစ်မ မသိပေမယ့် အစ်မ ဘက်ကနေ အရင် ကြိုကာကွယ်ပေးချင်တဲ့ သဘောလဲပါတယ် "

L O V E  [YIZHAN]Donde viven las historias. Descúbrelo ahora