အပိုင်း ၇

12.5K 1.1K 12
                                    

ပိတ်ရက်မှာ မထဘူးလို့တွေးထားတဲ့ စိတ်ကူးလေးဟာ ခေါင်းရင်းက ဖုန်းမြည်သံကြောင့်ပျက်ပြယ်သွားတယ်။

" ဟယ်လို ဘယ်သူလဲ "

" ငါ... ဝမ်ရိပေါ် "

တစ်ဖက်ကအသံကြောင့် ရှာင်းကျန့် ငေါက်ကနဲ ထထိုင်မိတယ်။ ဒီကောင် မနက်အစောကြီး ဘာလုပ်မို့ဖုန်းခေါ်တာလဲ။ နှောက်ယှက်ချက်ကတော့ တကယ်လက်လန်ပါတယ်။

" ဘာလုပ်မို့လဲ "

စိတ်မကြည်မလင်ဖြစ်သွားတာကြောင့် ရှောင်းကျန့်အသံက ခပ်ပြတ်ပြတ်ထွက်ပေါ်လာသည်။

" အလုပ်အကြောင်းပြောမို့ Coffee ဆိုင်မှာ စောင့်နေတယ် "

" မလာဘူး! ဒီနေ့ ငါ့အလုပ်နားရက် ပြောချင်ရင် company ကို သွားပြောလိုက် "

" ၁၀မီနစ် ပေးမယ်.... ရှောင်းကျန့် ထွက်လာခဲ့! "

" မင်းငါ့ကို အမိန့်ပေးစရာမလိုဘူး။ ပြီးတော့ မင်းနဲ့လဲ မတွေ့ရအောင်လို့ ပြောထားတယ်မလား "

" ငါ စိတ်မရှည်တာ မင်းသိပါတယ် "

" မင်း! "

သကောင့်သားနဲ့ စကားအချေအတင်ဖြစ်နေတုန်း ရှောင်းကျန့်ဆီကို သူဌေးဆီက ဖုန်းဖြတ်ဝင်လာတယ်။ အရေးကြီးကိစ္စရှိသည်အထင်နှင့် တစ်ဖက် ဖုန်းကို ပြောင်း ကိုင်လိုက်ပြီး ...

" ဟုတ်ကဲ့ သူဌေး "

" သခင်လေးဝမ်ခေါ်ရင် သွားလိုက်နော်။ အလုပ်အကြောင်း ပြောမလို့တဲ့.. ငါတို့ မျက်နှာ ပျက်အောင် မလုပ်နဲ့ ရှောင်းကျန့် မင်း company မှာ နေချင်သေးတယ်မလား ဒါပဲ "

ကဲ ရှောင်းကျန့် ဘာမှမပြောနိုင် ။ လုပ်ဟေ လုပ်ကြ မင်းတို့သဘောအတိုင်းပဲ ။

" ငါလာခဲ့မယ် "

စကားသံ အပြီး ဖုန်းလိုင်းပြတ်ချသွားသည် ။

........

ရေချိုးအဝတ်အစားလဲပြီး ကမန်းကတန်း ထွက်လာလိုက်သည်။ စိတ်ထဲမှာတော့ နေ့ရက်တိုင်းဟာ ငရဲပဲ မတွေ့ဖြစ်အောင်ရှောင်နေ သူကို တွေ့နေရမှကို ဖြစ်မှာလား။

Coffee ဆိုင်ရောက်တော့
ထောင့်ဆုံးခုံမှာ ရေခဲမင်းသားက မိန့်မိန့်ကြီး ထိုင်နေလေသည်။ ဘယ်သူ့ကိုမှ မကြည့်ဘဲ လက်ပိုက်ပြီး ခြေချိတ်တင်၊ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရသလား အောက်မေ့ရတဲ့ မျက်နှာထားနဲ့တောင် ဘေးဝိုင်းက ကောင်မလေးတွေက လှုပ်စိလှုပ်စိနဲ့ ငါနော် ။ ဒီကောင်ကို ဘာကြည့်ပြီး ကြိုက်စရာရှိလို့လဲ ။

L O V E  [YIZHAN]Waar verhalen tot leven komen. Ontdek het nu