အပိုင်း ၎

12.5K 1K 6
                                    

ရေချိုးအဝတ်အစားလဲပြီး အောက်ထပ်ဆင်းမို့ကို အချိန်ဆွဲနေတယ် ။ တီတီကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်ရမလား။ မပြောပြသင့်ဘူးလား ရှောင်းကျန့်စဉ်းစားမရ။

တီတီက မားရဲ့ ညီမတစ်ဝမ်းကွဲ၊ ကျွန်တော့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပင်။ မေမေဆုံးပြီး အလယ်တန်းကျောင်းကနေ အခုအထက်တန်းကျောင်းပြီးတဲ့ထိ သူမဘဲ ကျွေးမွေးလာတာဖြစ်တယ်။ ကျွန်တော့ကို မလိုပေမယ့် မား မျက်နှာကြောင့် ဆိုးဆိုးရွားရွားတော့ မဆက်ဆံခဲ့ပါ။  သူဘယ်လောက် ယောကျာ်းတွေနဲ့ ရှုပ်ရှုပ် အချိန်တန် ကျွန်တော့်ကို ကျောင်းစရိတ် စားစရိတ်တော့ပေးတယ်။ နွေးနွေးထွေးထွေး မရှိပေမယ့်ပေါ့။

💌ကိုကို စောစော အိပ်နော်။

ရိပေါ်ဆီက ရောက်လာတဲ့ မက်ဆေ့ကိုလဲ

မင်းရော နားတော့ လို့သာပြန်ပို့လိုက်ပြီး ဖုန်းကို ကုတင် ဘေးပြစ်ထားလိုက်တယ်။

ဒါနဲ့ဆို သက်ပြင်း ဘယ်နှစ်ခါ ချနေမှန်းမသိတော့။ တကယ်ဘဲ ရိပေါ်နဲ့တူတူ သွားနိုင်ရဲ့လား ။ ကျွန်တော်က သွားမယ်ဆိုရင်ရော သူ့အတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်သွားဘူးလား သူ့အိမ်က သိရင်ရော ကျွန်တော်တို့ကို ခွဲမှာလားဆိုပြီး ၊ လား လားတွေထပ်နေအောင်စဉ်းစားရလေပြီ။

ရှောင်းကျန့် ရှောင်းကျန့် မင်းလဲ dramaကားတွေ ဆန်နေပါလား။ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း ရယ်လိုက်မိသည် ။

ကျွန်တော်တို့ အသက် ၁၉နှစ်။  ချစ်ပြီးဆိုရင်လဲ ရူးရူးမူမူး ချစ်မိတဲ့ အရွယ်မလား။ တီတီ ပြောဖူးတာက မင်းက မင်းအမေနဲ့ တူတာဆိုလို့ အချစ်ကြီးတာပဲ ရှိမယ်တဲ့ ။ကျွန်တော်အသာပဲ ပြုံးမိတယ် ဟုတ်တယ်လေ။ ကျွန်တော်ပဲ ရိပေါ်ကို အရင်စချစ်ခဲ့ပြီး သူ့အချစ်ကိုလဲ ရအောင်ယူခဲ့တယ်။ သူလဲ ကျွန်တော့ကို တကယ်ချစ်ပေးခဲ့ပေမယ့် သူ့လို တစ်သီးတစ်သန့်နေတက်တဲ့ သူဌေးသားလေးက ကျွန်တော်နဲ့ ရည်းစား ဖြစ်လာတယ် ဆိုတာကိုလဲ အကုန်လုံးက တအံတသြကြီး ဖြစ်ခဲ့ကြတယ် ။

ငယ်ရွယ်ချိန်မှာ မပြောင်းလဲတဲ့ အချစ်ဆိုရင် ရင့်ကျက်လာရင်ရော ကျွန်တော်တို့အချစ်တွေက ပြောင်းလဲသွားနိုင်လား။

L O V E  [YIZHAN]Donde viven las historias. Descúbrelo ahora