" သခင်လေး လေယာဉ်က ည၁၀နာရီပါ "
"ကျွန်တော် သိပြီ"
အတွင်းရေးမှုးလီ အရိုအသေပေးပြီး ထွက်သွားမှ ကျန်းချန်ဆီကို ဖုန်းခေါ်လိုက်သည်။
" ငါ ဝမ်ရိပေါ် "
" အေး... ပြော "
" ညကြရင် တွေ့ရအောင်။ မင်းကို ပြောစရာရှိလို့ "
" ဘာလဲ မင်းမိန်းမရှောင်းကျန့် အကြောင်းလား "
" ခွေးကောင်ကျန်းချန် မင်းအဲ့လိုထပ်ခေါ်ရင် လျှာဖြတ်ပြစ်မယ်။ ည၆နာရီတွေ့မယ် လာခဲ့ "
.............
ရှောင်းကျန့် မနက်အစောကြီး company ကို ထွက်လာလိုက်တယ်။ ၁ရက်လေး ပျက်မိတာတောင် ဌာနမှုး က
ပွစီပွစီ လုပ်နေလေပြီး။ လူပျိုကြီးတွေ တကယ်ခက်သည်ဟု ရှောင်းကျန့် ညည်းမိလိုက်တယ်။ပျက်ထားတဲ့ အလုပ်တွေနဲ့ ရိပေါ် အပ်ထားတဲ့ design ကိစ္စလဲ လုပ်ရအုံးမယ် ။ အရင်ဆုံးဗိုက်ဆာလို့ store ဆိုင်ဝင်ပြီး တစ်ခုခု ဝယ်ဖို့လုပ်လိုက်တယ်။ ပေါင်မုန့်ပဲ ဝယ်ဖို့လုပ်ပေမယ့် ဂရုစိုက်လို့ မှာသွားတဲ့ စကားကို သတိရမိတော့ ရှောင်းကျန့် တစ်ချက်တွန့်သွားတယ်။ ပြီးတော့ ခေါက်ဆွဲထုပ်၊ ပေါင်မုန့် ၂လုံး နို့ဘူးတွေကို ဝယ်ချလိုက်တယ်။
ငါ အတွက်ငါစားတ သူပြောတာ နားထောင်တာ မဟုတ်ဘူး။ အင်း... အင်း တော်တယ် ရှောင်းကျန့် များများစားပြီး အားမွေးထား ။
" ရှောင်းကျန့် သက်သာ သွားပြီးလား "
" ဟုတ်ကဲ့ သက်သာသွားပြီ စီနီယာ "
" အေး သက်သာမှန်းသိသာပါတယ် လက်ထဲက မုန့်ထုပ်ကြီးကို ကြည့်ရတာ "
မုန့်ထုပ်ကို မသိမသာ ဖွက်ပြီး ရယ်ပြလိုက်တယ်။ ပြီးတော့ design ဆွဲမို့ ကိစ္စကိုသာ အာရုံစိုက်လိုက်သည်။ ဒီညတော့ အိမ်စောစော ပြန်မှပါ။ တစ်စုံတစ်ယောက် စိတ်မပူရလေအောင်ပေါ့။
..........
6:45PM
ရိပေါ်အရင်ချိန်းထားပေးမယ့် ကျန်းချန်က ကျန်းချန်က ရောက်နှင့်နေလေပြီ။
" Sorry ကျန်းချန် လာခါနီးမှ အလုပ်ဝင်လာလို့ "
" နားလည်ပါတယ်ဟာ Company ကြီးကို ဦးဆောင်နေရတာကို... ထိုင် ဘာသောက်မှာလဲ "
VOUS LISEZ
L O V E [YIZHAN]
FanfictionYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.