ရိပေါ် နဲ့ မတွေ့ရတာ ဒီနေ့နဲ့ဆို ၃ရက်ရှိလေပြီ။ ရှောင်းကျန့်လဲ အကူအညီမပေးနိုင်တာမို့ ငြိမ်ငြိမ်လေးသာ နေနေရသည်။ ဒီအချိန် သူ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်မှာဆိုး၍ ရှောင်းကျန့် ဘက်က စဆက်မသွယ်ရဲ။ ရိပေါ် ဖြေရှင်းနိုင်မှာပါ။ သူ့ကောင်လေးက တော်တယ်လေ။ ကိစ္စတွေ ပြီးမှ အတိုးချပြီး အလွမ်းသယ်ရတော့မည်ဟုတွေးရင်း အလုပ်သာ လုပ်နေလိုက်တော့သည်။
" ရှောင်းကျန့် အလုပ်မဆင်းသေးဘူးလား "
" ဟုတ်ကဲ့ ဒါလေးပြီးရင် ဆင်းမယ် စီနီယာ "
" အင်း.... ဟိုတစ်ခါ ကိစ္စ အဆင်ပြေတယ်မလား ရှောင်းကျန့် "
" ဟုတ်ကဲ "
စီနီယာ ဘာကို ဆိုလိုမှန်းသိ၍ ရှောင်းကျန့် ပြုံးပြုံးကြီး ဖြေလေသည်။ စိတ်က ရိပေါ်ဆီကိုရောက်သွားပြန်လေတော့ တကယ်ကြီး သတိရလာသည်။ သူ့ကိုကြ စိတ်ပူပြီး ဒီကလေး အစားရော သေချာစားရဲ့လား။ အိပ်ရော အိပ်ရဲ့လား။ အရင်၅နှစ်ကို တစ်ယောက်ထဲ အသည်းကွဲပြီး ဖြတ်သန်းရလို့ထင် ဒီလောက်ထိ မပူရ ။ အခုတော့ ရင်တမမနဲ့ ကလေးအဖေလို ဖြစ်နေလေပြီ ။
အတွေးနဲ့အတူ စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုသာ ရှောင်းကျန့် ကြည့်နေမိတယ်။
"ဖုန်း လေးဖြစ်ဖြစ်ဆက်လာရင်ကောင်းမယ် ဝမ်ရိပေါ်"
..........................
ရိပေါ် ၃ရက်လုံးလုံး ရုံးခန်းထဲမှာသာရှိနေသည်။ ကိုကို့ကိုလဲ တွေ့ချင်နေပေမယ့် ရိပေါ် သည်းခံ ပြီးသာ နေနေသည် ။ဒီချိန် ကိုကို့ မျက်နှာကို တွေ့ရုံနဲ့ ပင်ပန်းတာတွေ ပျောက်မှာ သိပေမယ့် ကိုကို့ကိုလဲ စိတ်မပူစေချင်။ company ရှယ်ယာ ကျတဲ့အတွက် ရှုံးသွားတဲ့ ငွေတွေ ပြန်အစားထိုးဖို့ကိစ္စသာ ကျန်တော့ပေသည်။ သိန်း ၅ထောင်။ သူစုထားနဲ့ ငွေနဲ့မလောက်ပေ။ ပြင်သစ်မှာ ရှိတဲ့ အိမ်ကို ဖြစ်ဖြစ်၊ ရုံးခွဲက ရှယ်ယာကို ဖြစ်ဖြစ် ရောင်းချဖို့လဲ မဖြစ်ချေ ။ အကုန်လုံး ကိုကို့နာမည်နဲ့လွှဲထားတာမို့ သူမလုပ်ချင်။ ၂ယောက်တူတူ နေမို့ဆိုရင် ဒါတွေရှိမှ အဆင်ပြေမှာမို့ ရိပေါ် အကုန် စီစဉ်ထား ခြင်းပင်။ မမ ပြန်ရောက်ရင်တော့ အကုန်အဆင်ပြေလောက်မှာပါ ။
YOU ARE READING
L O V E [YIZHAN]
FanfictionYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.