" ဟယ်လို ကိုကို ဘယ်မှာလဲ "
ရိပေါ် ညနေ လာတွေ့မယ်လို့ ပြောထားတာကို သူ မေ့နေတာပဲ။ စောစောပြန်မယ် လုပ်ထားကာမှ တစ်ဖက် companyကို design အပ်မို့ကိစ္စက ထင်ထားတာထက် ကြာနေလေသည် ။
"ငါအလုပ်နဲ့ အပြင်ရောက်နေလို့ sorry မေ့သွားတယ် "
" ရတယ်... ကိုကို ကျွန်တော်ဝင်ကြို ရမလား မေးမို့
ကြာအုံးမှာလား "" အင်း ဟိုဘက်တာဝန်ခံက လာနေရင်း ကိစ္စပေါ်လာလို့ စောင့်နေရတယ်။ ရိပေါ် ကြာအုံးမယ် မစောင့်နေနဲ့တော့နော် "
" အင်း ကိုကို "
Chongliက ပြန်လာပြီး ဒီနေ့ထိ မျက်နှာလေးတစ်ချက်မှ မတွေ့ရသေးပေ။ တွေ့ချင်လို့ သွားဆွဲခေါ်လာလို့လဲ မရ။ သူလဲ အလုပ်များတယ်လူမို့ ရိပေါ်နားလည်ပေးရမည်။ သက်ပြင်းချပြီး ကားစက်နှိုးလိုက်သည် ။
ဒီနေ့တော့ ကိုကိုနဲ့ တွေ့ရမှ ဖြစ်မယ်။..................
ရှောင်းကျန့် ကားပါကင်ထိုးလိုက်ပြီး နာရီကြည့်မိတော့ ၉နာရီတောင်ရှိလေပြီ။ ဒီချိန်ရိပေါ် အိမ်ပြန်ရောက်လောက်မှာပါ။ မနက်ကြမှ ဖုန်းဆက်ရမလား။ သူ့ကိုနှောက်ယှက်သလိုဖြစ်သွားမလား ။ရုတ်တရက် ဆက်ဆံရေးပြောင်းလဲသွားတာမို့ နှစ်ယောက်လုံးက ကိုးလန့်ကလန့်တွေဖြစ်ကုန်တယ်။
အခန်းရှေ့ရောက်ခါနီး ရှောင်းကျန့်ခြေလှမ်းတို့်ရပ်တန့်သွားတယ်။ တံခါးရှေ့မှာ လူတစ်ယောက်ထိုင်နေတာလား အိပ်နေတာလား။ ဘာလားဟ မဲမဲကြီး!!!
တိုက်ခန်းကို လူစိမ်းတွေလဲ တစ်ခါမှ မလာဖူးပါဘူး။ သူခိုးလား မဟုတ်ရင် အရက်မူးနေပြီး အခန်းမှားတာလား။ အာရှီး... ဘယ်ကောင်က ငါ့အခန်းရှေ့မှာ လာအိပ်နေတာလဲ။
ရှောင်းကျန့် ဘေးနားသို့ သတိနဲ့ လျှောက်သွားလိုက်သည်။ မကြောက်တာတော့မဟုတ်ပေမယ့် ဒီလိုအချိန်မျိုးဆို စပ်စုချင်စိတ်ကပိုတယ်။ သတိနဲ့ အလင်းရောင်သဲ့သဲ့ မြင်ရတဲ့နေရာ ရောက်မှ သေချာကြည့်ထပ်ကြည့်ရသည်။
ဟင်! ရိပေါ်လား။ ရှောင်းကျန့် အနားထိ ထပ်တိုးကြည့်လိုက်မှ တကယ်ကြီး ဝမ်ရိပေါ်ဖြစ်နေသည်။ အိမ်ပြန်မအိပ်ဘဲ ဒီမှာလာအိပ်နေတာလား။ Suit အပြည့်ဝတ်ထားပြီး ဝမ် group ရဲ့ CEO က တိုက်ခန်းရှေ့မှာ ထိုင်ရက်အိပ်ပျော်နေတာကို တခြားလူတွေသာသိသွားရင် ရိပေါ်အတွက်မတွေးရဲစရာ။ ဒီပုံသာ အပြင်ရောက်သွားလို့ကတော့ cool guy ကြီးတော့ ထိုင်ငိုနေလောက်မယ်။ တော်တော် သနားစရာကောင်းနေတာမို့ ရှောင်းကျန့်လဲ ရိပေါ်ရှေ့ ငုတ်တုတ်လေး ထိုင်ချလိုက်သည် ။ ရိပေါ် ဖုန်းဆက်တာ ၇နာရီဆိုတော့ ၂နာရီတောင် ဒီမှာအိပ်နေတာလား။ အေးကအေးနဲ့ ရှောင်းကျန့် နှိုးပြီးဆူချင်ပေမယ့် အိပ်နေပုံက တကယ်ပင်ပန်းနေတဲ့ ပုံပင် ။အသက်ငယ်ငယ်နဲ့ လုပ်ငန်းကြီးတွေကို ဦးဆောင်နေရသူက အမြဲတမ်းအေးတိအေးစက်နဲ့ ခံစားချက်ကို ဘယ်တော့မှ အပြင်မထုတ်ပြတက်သလို သူ့ရဲ့ နောက်ကွယ်က ကလေးဆန်မှုနဲ့ နွေးထွေးမှုကိုတော့ ကျွန်တော်တစ်ယောက်ပဲ သိခွင့်ရှိမယ်ထင်။
ESTÁS LEYENDO
L O V E [YIZHAN]
FanficYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.