Zawgyi
When You Love Someone
You'll feel it deep inside.တစ်စုံတစ်ယောက်ကို မင်းချစ်မိလာတဲ့အချိန်
ရင်ဘက်တွေ အောင့်နေအောင် ခံစား တက်လာမယ်။***********
19 April 2015
ည၈နာရီက ကျွန်တော့ အတွက် ပုံမှန်အလုပ်ဆင်းချိန်။
Graphic designer တစ်ယောက်အနေနဲ့ Company တစ်ခုမှာအလုပ်ရခဲ့ပြီး လစာက ကျွန်တော့ တစ်ယောက်တည်းဆိုတော့ ကျွန်တော့အတွက်ပိုတောင်ပိုနေခဲ့သေးတယ် ။မနက်က ရာသီဥတုကြောင့် ကားမယူလာဘဲ ထွက်လာလိုက်တယ် ။ လေပြေအေးအေးလေးနဲ့ သစ်ပင်တွေ အောက်ကနေလမ်းလျှောက်ရတာကို ကျွန်တော်ကြိုက်တယ် ။
ကားလမ်းဘေးတစ်လျှောက်လမ်းလျှောက် အေးအေးလူလူလျှောက်လာရင်း ကျွန်တော့ဘေးကပ်ရပ် မောင်းချလာတဲ့ ဆိုင်ကယ်တစ်စီးကြောင့် လန့်ပြီး လမ်းဘေးကိုလဲကျတော့သည် ။
" ဘယ်လိုမောင်းနေတာလဲ ဆိုင်ကယ်ကို ။ လမ်းစည်းကမ်း နားမလည်ဘူးလား ။ ဒီကောင် သေ"
လန့်တာရော ခဲနဲ့ပွတ်တိုက်မိတာကြောင့် လက်ပေါက်သွားလို့နာတာကြောင့်ရော သကောင့်သားကို လှမ်းရန်တွေ့လိုက်ပေမယ့် ဆိုင်ကယ်ပေါ်ကဆင်းလာတဲ့လူကြောင့် ရှောင်းကျန့်စကားမဆုံးလိုက်...
"ဝမ်ရိပေါ်"
ကျွန်တော် အံသြလွန်းတာကြောင့်ဒီထပ်ပို စကားမပြောတက်တော့ ။ နောက်တစ်ခါ သူကျွန်တော့ဘေး ရောက်ချလာပြန်လေပြီ ။ ဒါတော့ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ဘူးမလား ။
" အင်း ငါ ဝမ်ရိပေါ် "
ဆိုင်ကယ်ဘေးမှာ ရပ်နေတဲ့လူရဲ့ ခပ်ထစ်ထစ်အဲ့အပြုံး မုန်းလိုက်တာ ။ စိတ်ထဲကနေ ကျိန်ဆဲပြီး ဖြေးဖြေးချင်း မက်တပ်ထရပ်ပေမယ့် ရှောင်းကျန့်ကြာကြာမရပ်နိုင် ။ လက်တွေရော ခြေထောက်တေရော ပွန်းသွားတာထင်တယ် ။ သွေးတွေ မြင်ရတာနဲ့တင် ကျွန်တော့ဒေါသ ငယ်ထပ်ရောက်နေပြီ။ သူကသော ကျွန်တော့ကို အေးအေးဆေးဆေး ကြည့်နေသည် ။ ထို့နောက် အနားကိုလျှောက်လာပြီ....
" တက် ဆိုင်ကယ်ပေါ်ကို "
" ဘာ! "
" ဘာလဲ ဒီတိုင်းလမ်းလျှောက် ပြန်မလို့လား... ဒီခြေထောက်နဲ့လေ "
VOUS LISEZ
L O V E [YIZHAN]
FanfictionYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.