အပိုင်း ၈

12.5K 1.2K 1
                                    

မျက်နှာပေါ်ကို အလင်းရောင်စူးစူးကျလာတာမို့ ရိပေါ်နိုးလာခဲ့တယ်။ ခေါင်းထိုးကိုက်နေမှုကြောင့် ကုတင်ပေါ်ကနေတော့ မဆင်းနိုင်သေး။ ညကတော်တော် များသွားတယ်ထင်တယ်။ ဒါနဲ့ သူ့ကိုဘယ်သူက အိမ်ပြန်ပို့ပေးတာလဲ ။ အတွေးများနေတုန်း မီးဖိုချောင်ထဲက
အသံပေါင်းစုံထွက်လာတယ်။ သေချာတယ် မမရောက်နေတာဖြစ်မယ်။

" မမ "

" နိုးပြီးလား... အဲ့မှာ ပျားရည်ဖျော်ထားတယ်။ သောက်လိုက် ရိပေါ်"

" ကျေးဇူးပဲ "

" ညက ကျွန်တော် ရစ်မိသေးလား "

" ရစ်တာရော... ငိုတာရော တိုက်ခန်းရောက်တဲ့ထိမပြီးနိုင်ဘူး "

" တောင်းပန်ပါတယ်။ နောက်တစ်ခါ အဲ့လိုတွေ မတွေ့စေရပါဘူး "

"ဟိုမှာနေတာလဲ ဒီလိုပဲလား ရိပေါ် "

ရိပေါ် ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်မိတယ်။

" ညတိုင်းမူးနေတာတော့ မဟုတ်ပါဘူးနော် "

" ညတိုင်းတော့ မဟုတ်ပါဘူး။ တအား မခံစားနိုင်တဲ့ နေ့မှသာ "

သူ့အပြောကို မမက မနိုင်ဘူးဆိုတဲ့ သဘောမျိုးနဲ့ ကြည့်နေလေသည်။

" အဲ့ဒါဆို မင်းတို့ ဘာလို့ ပြန်မတွဲကြတာလဲ "

ရိပေါ် ပျားရည်ခွက်ကို ခုံပေါ်တင်လိုက်ပြီး သက်ပြင်းမောချမိတယ် ။

" သူက ကျွန်တော့ကို မုန်းနေတာ။ ပြန်လာတုန်းကတော့ ကျွန်တော့ကို ဘာလို့ အဆက်အသွယ် ဖြတ်ခဲ့တာလဲဆိုတာ မေးပြီး စိတ်ဆိုးမို့လာတာပဲ။ ဒါပေမယွ သူက တစ်ပြန် ကျွန်တော့ကို စိတ်ဆိုးနေတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ "

" ရန်သူကြီးလိုကို ဖြစ်နေကြတော့တယ်ပေါ့ ဟုတ်လား "

" အင်း "

" မင်း သူ့ကို ချစ်နေသေးတယ်မလား "

ရှင်းလင်းနေတဲ့အဖြေတစ်ခုကို သူထပ်မပြောချင်။ ဘယ်ကစပြီး မှားခဲ့ကြပြီး၊ ဒီအခြေအနေထိ ဘယ်လိုရောက်လာခဲ့လဲ သူလဲမစဉ်းစားတက်တော့ဘူး။ လွယ်မယောင်နဲ့ခက်နေတဲ့ ပြသာနာတွေက ဖြေရှင်းရတာပိုခက်တယ်မလာ။

L O V E  [YIZHAN]Tempat cerita menjadi hidup. Temukan sekarang