When you want to live beside him
You'll try to understand his everything .တစ်စုံတစ်ယောက်ဘေးနား ရှိချင်လာတဲ့ အခါ
သူ့ရဲ့အရာရာတိုင်းကို နားလည်ဖို
့မင်းကြိုးစားရလိမ့်မယ် ။*****************
" ကိုကို!!"
" နောက်မှ...နောက်မှ ပြောကြရအောင် ။ မင်းလဲ ဒီကိစ္စကို သေချာပြန်စဉ်းစား ငါကျေနပ်စေလောက်မယ့် အဖြေမျိုးဖြေနိုင်မှ ပြန်ပြောရအောင်နော် ရိပေါ်။ ကိုကို မင်းကို ချစ်တာသိတယ်မလား....ကိုကို့မှာ မင်းပဲရှိတယ် ဆိုတာလဲသိတယ်မလား"
ကျွန်တော် ပြောလိုက်တာတွေက ကလေးဆန်နေမယ် ဆိုတာလဲသိတယ် ။ဒါပေမယ့် ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုရူးရူးမိုက်မိုက်ခံစားခွင့်ရှိတယ်မလား။ ငါ့ဘက်က စချစ်ခဲ့ရတဲ့အတွက် ငါ့အချစ်က မင်းထင်ထားတာထက်တောင် ပိုလေးနက်တယ် ရိပေါ် ။ မပိုင်ဆိုင်ရလဲ အချစ်လို့ပြောပေမယ့် ငါကတော့ ငါချစ်တဲ့သူဘေးနေပြီး အစွမ်းကုန် ချစ်ပေးချင်တဲ့ လူသားတစ်ယောက်လို့ခံယူထားတဲ့အတွက် မင်းကိုငါ့ဘေးနားမှာပဲရှိစေချင်တယ် ။
လူတွေက ချစ်မိပြီးဆိုရင် တစ်ကိုယ်ကောင်းဆန်ကြတာကြီးပါပဲ ။
.
.
.
.
.
.
.
အဲ့ဒီနေ့ကစ တစ်ပတ်ကုန်တဲ့အထိ ကျွန်တော်တို့မတွေ့ဖြစ်ခဲ့ကြတော့ဘူး ။ ကျွန်တော်ဘက်က ရှောင်နေတာဆို ပိုမှန်ပါလိမ့်မယ်။ သူတွေ့ဖို့ခေါ်တိုင်း ကျွန်တော့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းတယ်။ ဒီကိစ္စကဒီတိုင်းပြီးသွားမှာ မဟုတ်မှန်းသိပေမယ့် ကျွန်တော့ချစ်ရတဲ့ ရိပေါ်က သူ့လို ဘဝကိုရိုးရိုးဖြတ်သန်းချင်တဲ့လူတစ်ယောက်မဟုတ်ဘူး ။ ရည်မှန်းချက်ကြီးပြီး သူ့ဘဝတိုးတက်ဖို့ဆိုဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတာ တွေးတက်တဲ့လူတစ်ယောက်မို့ ကျွန်တော့အတွက် မျှော်လင့်ချက် ရှိပါ့မလားဆိုတာကို စိုးရိမ်နေတာကြောင့်ပင် ။" ကိုကို! ထင်သားပဲ ဒီကိုဘဲ ရောက်နေမယ်ဆိုတာ "
" ရိပေါ် ဘယ်လိုလုပ်"
ရှောင်းကျန့်စိတ်ရှုပ်ရင် လာနေကြပန်းခြံကို ရိပေါ်ရောက်ချလာသည် ။ ရိပေါ်ကိုတွေ့မှ အရင်ကထိန်းထားသမျှမျက်ရည်တွေက အခုတာကျိုးချင်သလိုဖြစ်နေသည် ။ တစ်ပတ်အတွင်း သူဘယ်လောက်လွမ်းနေတယ်ဆိုတာ သူပဲသိလိမ့်မည် ။
![](https://img.wattpad.com/cover/209292052-288-k749123.jpg)
ESTÁS LEYENDO
L O V E [YIZHAN]
FanficYiZhan အကယ်၍ မင်းမရှိခဲ့ရင် ဒီအတိတ်တွေ မရှိခဲ့ရင် ငါလဲ ကြေကွဲနေရမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွင့်ရှိသေးမယ် ဆိုရင်လဲ ငါမင်းကိုပဲ ဆက်ချစ်နေမှာပါ ။ 22Dec2019 Credit cover.