[Zawgyi]
"ကိုယ်အများကြီးတောင်းပန်ခဲ့တာတောင် .. မင်းရဲ့ရွေးချယ်မှုက ကိုယ်မဟုတ်ဘူးဘဲ "
အစ်ကိုပြောတဲ့စကားကမှန်နေတာကြောင့် ဂျုံအင်ခေါင်းကိုသာငုံ့ထားမိသည်။အစ်ကို့ကိုအပြည့်အဝနားလည်ပေမယ့် ဂျုံအင်ကိုလည်းနားလည်ပေးစေချင်သည်။အမေတစ်ခုသားတစ်ခုဘဲရှိတဲ့ဘဝမှာ အမေကိုတစ်ယောက်တည်းထားခဲ့ပြီး အချစ်ကြောင့်စုံလုံးကန်းသူမဖြစ်ချင်။
"ကိုယ်နားလည်ပါတယ် .. ဟူးး "
တိတ်ဆိတ်နေတဲ့ ဂျုံအင်အိပ်ခန်းလေးက အစ်ကို့ရဲ့သက်ပြင်းချသံနဲ့ပြည့်နှက်သွားသည်။ကျောင်းကပြန်ရောက်ကတည်းက ဂျုံအင် လွယ်အိတ်တောင်မချွတ်ရသေးပေမယ့် အစ်ကိုကတော့ ပွဲတက်အင်္ကျီကိုဝတ်စုံပြည့်ဝတ်ထားသည်။ဆံပင်တွေလည်းလှန်တင်ထားတဲ့အစ်ကိုက အရမ်းပြီးပြည့်စုံတဲ့ပုံရိပ်ပေမယ့် မော့ကြည့်ဖို့ရာ ဂျုံအင်မရဲ။အစ်ကို့ရဲ့မျက်ဝန်းတွေကို မရင်ဆိုင်ရဲတာဆိုပိုမှန်မည်။
"နောက်ဆုံးတစ်ကြိမ်ဘဲ .. ဒီတစ်ခါအဖြေကိုသေချာသိရပြီးရင် ကိုယ်သွားတော့မယ် .. ဂျုံအင်နီ ကိုယ်နဲ့တကယ်မလိုက်ချင်ဘူးလား ? "
"တောင်းပန်ပါတယ် "
ချစ်လားလို့မေးခဲ့ရင်တောင် ကျွန်တော်ဖြေမိဦးမှာ။အစ်ကို့ကိုအရမ်းချစ်တယ်ဆိုတဲ့အကြောင်းနဲ့ စောင့်နေမယ့်အကြောင်း။
"ရပါတယ် မတောင်းပန်ပါနဲ့ .. မလိုက်ချင်ဘူးဆိုတော့လည်း နှုတ်ဆက်လိုက်ပါတယ် ဂျုံအင်နီ .. ကံမကုန်သေးရင်တော့ မင်းနဲ့ပြန်ဆုံပြီး .. မင်းနဲ့ဘဲ ဘဝကိုအဆုံးသတ်ချင်တယ် .. နောက်ပြီး .. ဂျုံအင်ကို ကိုယ်ချစ်တယ် "
နဖူးပြင်ထက်နွေးထွေးသွားပြီး အနားမှာရှိနေတဲ့နွေးထွေးမှုလေးပျောက်သွားလေသည်။အစ်ကိုထွက်သွားတော့မှဂျုံအင် ရှိုက်ကြီးတငင်ငိုမိတော့သည်။အစ်ကိုအိုယွန်ဆော့ရဲ့ကမ်းလှမ်းချက်ကို ဂျုံအင်ထိုနေ့ကဘဲတစ်ခါတည်းငြင်းခဲ့တာ။ကျွန်တော်တို့က ခုချိန်မှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ကျွန်တော် အရမ်းပင်ပန်းနေပြီ။
•~•
"မင်း တကယ် လိုက်မနှုတ်ဆက်ချင်ဘူးလား ? "
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...