[Zawgyi]
ဆယ်ဟွန်းနိုးလာသည်နှင့်မျက်ရည်စတွေဟာ နားထင်နှစ်ဖက်ဆီပြေးဆင်းကုန်ကြသည်။အခုလောက်ဆို ဂျုံအင်လေဆိပ်ရောက်လောက်ရောပေါ့။သူထွက်သွားလို့အဆင်ပြေအောင် ဆယ်ဟွန်းအများကြီးကြိုးစားခဲ့ပါသည်။တကယ်မမူးဘဲနဲ့ မူးဟန်ဆောင်လိုက်ရတာမျိုး၊ကြားရဲ့သားနဲ့နှုတ်ဆိတ်နေခဲ့တာမျိုး၊ဝမ်းနည်းနေတဲ့မျက်နှာလေးကို မသိဟန်ဆောင်ခဲ့တာမျိုးတွေပေါ့။
မနေ့နေ့လည်ကဖေဖေဖုန်းဆက်လာခဲ့သည်။ဂျုံအင်နှင့်မေမေဖြစ်ပျက်ခဲ့သမျှကိုပြောပြတော့ ဆယ်ဟွန်း တိတ်တဆိတ်မျက်ရည်ကျရသည်။ဒီကောင်လေးက သူ့အတွက်ကြောင့်နဲ့ ထိခိုက်နစ်နာရသည်။ဖေဖေကတော့ ဂျုံအင်ကိုခဏရှောင်ခိုင်းထားပြီး မေမေ့ကို ရအောင်ထိန်းလိုက်ဦးမည်တဲ့။
နောက်ပြီး ဂျုံအင်ဖေဖေလည်း ဖုန်းဆက်သည်။ဂျုံအင်က ဂျပန်ကိုလိုက်ချင်တယ်လို့ဖုန်းဆက်လာတာမို့ ဆယ်ဟွန်းနဲ့ရန်ဖြစ်ကြလို့လား ဟုလှမ်းမေးတာပင်။ဂျုံအင်ဖေဖေသာဖုန်းမဆက်လာရင် ဂျုံအင်ထွက်သွားတာတောင်ကျွန်တော်သိလိုက်မှာမဟုတ်။
ဆယ်ဟွန်း အိပ်ရာမှကုန်းရုန်းထပြီးဖုန်းကိုကြည့်လိုက်တော့ ၈နာရီ။ဂျုံအင်ဖုန်းကိုခေါ်လိုက်တော့မအားသေး။voice message သာချန်ထားလိုက်တော့မည်။
' ကိုယ်နဲ့အဝေးမှာပျော်ပျော်နေနော် .. ကိုယ်စောင့်နေမယ်နော် .. ကျန်းမာရေးကိုဂရုစိုက်ပြီး ကောင်မလေးတွေနဲ့လည်းဝေးဝေးနေ .. ကိုယ်ကသဝန်တိုတတ်တာ ဂျုံအင်သိတယ်မလား .. တစ်ခုခုအသံကြားတာနဲ့ .. '
"တစ်ခုခု အသံကြားတာနဲ့ ဘာလုပ်မှာလဲ "
အခန်းတံခါးဝမှာပေါ်လာတဲ့ ဂျုံအင်ကြောင့် ဆယ်ဟွန်းလက်ထဲကဖုန်းပင်လွတ်ကျသွားရသည်။ဂျုံအင်ဖေဖေဖုန်းလှမ်းဆက်ပြီးပြောထားတဲ့ စကားတွေအရ ဒီအချိန်ဆို လေယာဉ်ကွင်းမှာရှိနေရမှာမဟုတ်ဘူးလား။ဆယ်ဟွန်းအမြင်တွေမှားတာလားလို့မျက်လုံးတို့ကိုပွတ်သပ်လိုက်ပေမယ့် ဂျုံအင်ကပျောက်မသွား။
တံခါးဝက ဂျုံအင်ကခပ်တိုးတိုးရယ်ရင်း ဆယ်ဟွန်းဆီလျှောက်လာလေသည်။ကုတင်ပေါ်ထိုင်နေတဲ့ဆယ်ဟွန်းကိုပွေ့ဖက်လာသည်။
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...