[Zawgyi]
"ရောက်တုန်းလေး ကြာကြာတော့နေတာမဟုတ်ဘူး "
"ဖေဖေကလည်း ကိုကိုမှမရှိတာဘယ်ပျော်ပါ့မလဲ .. ချက်ချင်းပြန်ချင်နေမှာပေါ့ "
"အဲ့လိုမဟုတ် "
"ရပါတယ်ကွာ .. မင်းတို့လည်းခွဲရတာကြာပြီဆိုတော့ လွမ်းနေမှာဘဲ နားလည်ပါတယ် "
"ကျွန်တော်တစ်ခုလောက်တောင်းဆိုပါရစေ "
ဆယ်ဟွန်း ထိုင်ခုံကနေထလိုက်ပြီး ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချလိုက်သည်။
"ကျွန်တော် ဂျုံအင်နဲ့ လက်ထပ်ပါရစေ .. ကျွန်တော့်ကိုခွင့်ပြုပေးပါ .. အမှန်ကနှစ်ဦးသဘောတူခွင့်တောင်းရမှာပေမယ့် .. ဂျုံအင်ကိုလည်းသေချာမပြောရသေးတော့ .. "
"ရပါတယ်ကွာ .. ထပါ .. ငါကဂျုံအင်ကိုချစ်ပေးတာနဲ့တင်ကျေးဇူးတင်နေတာပါ .. သူ့ဘဝလေးကဆိုးရှာတယ် .. ခေါင်းကလည်းမာတော့ "
"ကျွန်တော်သူ့ကို စောင့်ရှောက်မှာပါ .. ခုလိုခွင့်ပြုပေးတာကျေးဇူးတင်ပါတယ် .. နောက်လည်းလာလည်ပါ့မယ် .. ကြာကြာနေချင်ပေမယ့် အခုကတော့ .. "
"ဟားဟား .. ငါနားလည်ပါတယ် .. သွားသွား.. "
ယောက္ခထီးဆီက ခွင့်ပြုချက်ရတာနှင့် Yui နှင့်တခြားလူတွေကိုနှုတ်ဆက်ကာ လေယာဉ်ကွင်းဆီပြေးရပြန်သည်။ချက်ချင်း ကိုရီးယားကိုရောက်မယ့် လေယာဉ်လက်မှတ်ကိုဈေးကြီးပိုပေးကာ လုဝယ်လိုက်ရပေမယ့် ဆယ်ဟွန်းနှမြောမနေတော့။ဒီအချိန်မှာကျွန်တော်အတွေ့ချင်ဆုံးက တစ်ဦးတစ်ယောက်တည်းသာ။ဘာဂရုစိုက်မနေတော့။ဖြစ်နိုင်ရင် လေယာဉ်တောင်စီးမနေတော့ဘဲ ချက်ချင်းရောက်လိုက်ချင်ပါတော့သည်။
•~•
Yui သတင်းပေးချက်အရ အစ်ကိုကမှီတဲ့လေယာဉ်နဲ့ပြန်လာနေပြီဆိုတာကိုသိလိုက်ရသည်။ညလည်းအတော်နက်နေပြီမို့ ဂျုံအင်လေယာဉ်ကွင်းသွားရမလား၊တိုက်ခန်းမှာဘဲပြန်စောင့်ရမလား ဝေခွဲရခက်နေသည်။
"အိမ်ဘဲပြန်တာကောင်းပါတယ် "
တိုက်ခန်းပြန်ဖို့ Taxi ငှားလိုက်ပေမယ့် တကယ်တမ်းသွားမိတာ လေယာဉ်ကွင်းပင်။လေယာဉ်စိုက်ဖို့လိုသေးတာတောင် ဂျုံအင်လေယာဉ်ကွင်းထဲ ကော်ဖီတစ်ခွက်နှင့်ထိုင်နေမိသည်။တိုက်ခန်းမှာကျန်ခဲ့တဲ့အတွင်းရေးမှူးကိုအပြင်မှာအိပ်မယ့်အကြောင်းလှမ်းပြောပြီး အားနာမိကြောင်းပါပြောထားလိုက်သည်။
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...