14.

1.3K 165 21
                                    

[Zawgyi]

*တောက်*

တိတ်ဆိတ်နေတဲ့အခန်းကျယ်အတွင်း တောက်ခေါက်သံကကျယ်ကျယ်လောင်လောင်။၅ယောက်ခန့်မျှရှိသော လူတို့သည်လည်း နည်းနည်းမျှပင်မလှုပ်ရဲကြ။အိမ်ကြီးရဲ့ သခင်မဖြစ်သူ၏ဒေါသကိုကြောက်သောက်ကြောင့်ပင်။

"အဲ့ကောင်ကများ ရာရာစစ .. ဟက် .. ငါကလွှတ်ထားပေးလို့အရမ်းပျော်နေပုံရတယ် "

သခင်လေးက တခြားယောက်ျားတစ်ယောက်ကိုကုန်းပိုးကာ အိမ်တော်အတွင်းဝင်လာသော ပုံရိပ်ကိုထပ်ခါထပ်ခါပြန်ရစ်ပြီး ကြည့်နေသော သခင်မကြီးက တစ်စုံတစ်ခု မကောင်းတာကိုဖန်တီးတော့မည့်ပုံပေါ်သည်။

"ဂျွန် .. ငါ့ကို ချက်ချင်း ကားစီစဉ်ပေး အွန်ဗြောတို့အိမ်သွားမယ် "

•~•

ဂျုံအင်အဖျားကသက်သာပြီမို့ အလုပ်သွားဖို့ပြင်ဆင်နေမိသည်။ခါတိုင်းလို ဆံပင်ကိုဂျယ်နဲ့ သပ်တင်မနေတော့ဘဲ နဖူးပေါ်ဝဲနေအောင်ချထားလိုက်သည်။လိုအပ်တဲ့ပစ္စည်းတွေယူပြီးတိုက်ခန်းကထွက်လိုက်တော့ ဘေးအခန်းက ဆောယွန်းလည်းအခန်းထဲကထွက်လာတာနှင့်ဆုံလေသည်။ဆောယွန်းကတော့ ဘာမှမပြင်ရသေးပုံ။အားကစားဘောင်းဘီနှင့် တီရှပ်အပွကြီးဝတ်ထားသည်။

"အစ်ကို ဂျုံအင်သွားတော့မလို့လား "

"အွန်း .. ပျက်ရက်ရောရှိထားတာမို့လို့ စောစောသွားမလို့ "

"ဟုတ် ဖြည်းဖြည်းသွားပါ .. အောာ ဒါနဲ့ အစ်ကိုဆယ်ဟွန်း နဲ့အဆင်ပြေသွားပြီလား "

တည့်တိုးကြီးမေးလာတာမို့ ဂျုံအင်ရှက်သွားသော်လည်း ခပ်ပါးပါးပြုံးတာ အင်းလို့ဖြေလိုက်သည်။

"ကောင်းတာပေါ့ .. အစ်ကိုဆယ်ဟွန်းက အစ်ကိုဂျုံအင်ကိုအရမ်းချစ်မယ့်ပုံကြီး .. အစ်ကိုဂျုံအင်ကအရမ်းကံကောင်းတာဘဲ .. အချမ်းသာဆုံး အတော်ဆုံး အချစ်တတ်ဆုံး ဆရာဝန်ကြီးကိုရထားတာ "

"အာ .. အဲ့လောက်လည်းမဟုတ်ပါဘူး ဆောယွန်းကလည်း .. အစ်ကိုသွားပြီနော် "

ဆောယွန်းကိုမြန်မြန်နှုတ်ဆက်ပြီး ဓာတ်လှေကားထဲဝင်လိုက်တော့သည်။ဟိုနေ့က ဂျုံအင်စိတ်ညစ်ညစ်နဲ့ ဆောယွန်းကိုရင်ဖွင့်မိသွားသည်လေ။ဆောယွန်းကတော့စစသိချင်းအံ့သြနေလေသည်။နောက်တော့ရယ်ရယ်မောမောသာ သူမလည်းဒီလိုကိစ္စတွေလက်ခံကြောင်းပြောလာလေသည်။

Find A Way To My HeartWhere stories live. Discover now