[Zawgyi]
"ဟူးး .. "
ဆယ်ဟွန်း သက်ပြင်းချရင်း ထိုင်ခုံပေါ်တစ်ဖန်ထိုင်လိုက်မိပြန်သည်။နေ့လည် မရောက်ခင်အထိ ထိုင်ခုံပေါ်ထိုင်လိုက် ထလိုက် လုပ်နေသည်မှာ အခါ တစ်ရာလောက်ပင်ရှိနေလေပြီ။
ဘောင်းဘီအိတ်ကပ်ထဲက ဘူးလေးကိုထုတ်ကြည့်လိုက် ပြန်သိမ်းလိုက်လုပ်နေသည်မှာလည်း ခဏခဏရှိနေလေပြီ။လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းကရှိနေခဲ့တဲ့ လက်စွပ်လေးက ရုတ်တရက်ကြီးအသုံးဝင်လာလိမ့်မယ်လို့ ဆယ်ဟွန်းမထင်မိ။
မယ်မယ့်ဘက်ကလည်းအေးဆေးနေတဲ့အချိန်ကို ဆယ်ဟွန်းကောင်းကောင်းအသုံးချရမည်။
"တီ .. တီ "
pw ရိုက်သံကြားသည်နှင့် ဆယ်ဟွန်း ဝုန်းဆို ဆိုဖာမှထကာ တံခါးဝနားရပ်နေလိုက်သည်။တံခါးကိုတွန်းဖွင့်ပြီး ဝင်လာတဲ့ ဂျုံအင်ရဲ့မျက်နှာက အပြုံးတို့ဖြင့် ပကတိအေးချမ်းလျှက်။
"အစ်ကို "
"အင့် "
ဆယ်ဟွန်းကို ခေါ်ပြီးရင်ခွင်ထဲပစ်ဝင်လာတာမို့ဆယ်ဟွန်းမှာ အင့်ကနည်းပင် အသံထွက်သွားရသည်။မေးစရာမေးခွန်းတွေများနေပေမယ့် ဆယ်ဟွန်းမေးဖို့မစဉ်းစား။ဒီနေ့လေးကိုအများကြီးအဓိပ္ပာယ်ရှိအောင်လုပ်ရဦးမည်မို့။
"အိုက်ဂူး .. ဝက်ဝံပေါက်လေး .. ခုမှချွဲနေ ကိုယ့်ကိုအတွေ့မခံတာဘယ်နှစ်ရက်လဲပြောပါဦး "
"အစ်ကိုက ကျွန်တော့်ပြောစကားမှနားမထောင်တာ "
"အင်းး .. အဲ့ကိစ္စအတွက် ကိုယ်တောင်းပန်ပါတယ်နော် .. ကိုယ် ဂျုံအင်ကို အများကြီးသဝန်တိုမိတယ် .. အဲ့တာကလည်း ဂျုံအင်ကို ဆုံးရှူံးရမှာကြောက်လို့ပါ "
"အင်းပါ .. ကျွန်တော်လည်းခဏခဏစိတ်ဆိုးမိလို့တောင်းပန်ပါတယ် "
"မလိုပါဘူး ကလေးရယ် "
ရင်ခွင်ထဲကကောင်လေးရဲ့နှဖူးကို ဖိကပ်နမ်းလိုက်ပြီးပြန်ပြောတော့ ဖက်ထားတဲ့လက်တွေတင်းကြပ်သွားတာကိုသတိထားမိသည်။
"အရင်ဆုံး .. ကိုယ်တို့ထိုင်ရအောင်လေ .. ဂျုံအင်နီမှာ ဘာပြောစရာရှိလို့လဲ တကူးတက စကားခံပြီး ချိန်းရအောင် "
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...