15.

1.4K 162 20
                                    

[Zawgyi]

"မောင် ကတော့မခွဲချင်ဘူးကွာ .. မောင်တို့လက်ထပ်ဖို့ ၃ရက်ဘဲလိုတော့တယ် .. မောင်မပါဘဲ Yui ကိုစိတ်မချပါဘူး "

"မောင်ကလည်း ဖေဖေတို့နဲ့သွားမှာမို့လို့ပါဆို "

"ဖေဖေတို့ကလည်း မောင့်ကိုကြည်ဖြူနေတာဘဲကို .. ဘာလို့မောင်မလိုက်ရမှာလဲ ပြော "

"မောင့် အလုပ်ကအရေးကြီးကိစ္စရှိတယ်မလား .. ပြီးတော့ တစ်ညအိပ်လေးဘဲဟာ နော် မောင်နော် "

"ပြီးတာဘဲ .. ဟိုရောက်ရင်လည်းမောင့်ကိုဖုန်းဆက်ပေးနော် .. ဂရုစိုက် .. လေယာဉ်ပေါ်မတက်ခင်လည်းစာပို့ .. Hotel ရောက်ရင်လည်းစာပို့ .. "

"ဟုတ် .. မောင့်ကိုအကုန်လုံးအစီအရင်ခံပါ့မယ်ရှင့် "

"အင်း .. မောင် Yui ကိုလွမ်းနေမယ် "

နဖူးထက်ထိကပ်လာတဲ့အနမ်းတို့ကနွေးထွေးသည်။မောင်ကအကြီးဆိုပေမယ့် Yui ထက်တောင်ကလေးဆန်ပါသေးသည်။Yui ကတော့ အများကြီးပြုံးမိပြီး မောင့်ခါးကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်လိုက်ပါတော့သည်။

•~•

"ဂျုံအင် ပြီးပြီလား "

အခန်းတံခါးကိုခေါက်ပြီးအစ်ကို့ရဲ့အသံထွက်လာသည်မို့ ဂျုံအင် ဂျယ်လိမ်းထားသော ဆံပင်တို့ကိုသပ်တင်လိုက်သည်။အနက်ရောင် Suit ကိုပုံစံကျအောင်ဆွဲချလိုက်ပြီး နာရီဝတ်လိုက်သည်။

"ကိုယ့် ကလေးလေးက ဒီလိုကြတော့ ကြည့်ကောင်းလိုက်တာ "

အစ်ကိုက ဂျုံအင့်ခါးကိုတင်းတင်းဖက်လာပြီး ပုခုံးပေါ်ခေါင်းတင်ကာပြောသည်။ဂျုံအင် ဟက်ကနည်းရယ်လိုက်ပြီးခေါင်းကိုခါရမ်းလိုက်သည်။Suit အဖြူရောင်ဝတ်ပြီး အနက်ရောင်ဆံပင်တွေကိုသပ်တိုင်ထားတဲ့ အစ်ကို့လောက် ဂျုံအင်ကကြည့်ကောင်းပါ့မလား။ထင်းနေတဲ့မေးရိုးနဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးက အစ်ကို့ကိုပိုပြီးကခန့်ညားအောင်ပံ့ပိုးနေသည်။

"ဘာရေမွှေးသုံးထားတာလဲ မွှေးနေတာဘဲ "

"ဟာ .. အစ်ကို အရာတွေထင်ကုန်လိမ့်မယ် "

ရေမွှေးနံ့မွှေးသလိုလိုနဲ့လည်တိုင်ထက်ပွတ်ဆွဲပြီးနမ်းနေတာမို့ဂျုံအင်ရုန်းကာတားလိုက်ပေမယ့်အစ်ကိုကအရာထင်အောင်ကိုက်လိုက်လေပြီ။

Find A Way To My HeartWhere stories live. Discover now