Final

1.9K 145 11
                                        

[Zawgyi]

"ရှပ်ထိရုံလေးကို မင်းဘယ်လိုတွေဖြစ်နေတာလဲ "

ဘေးကနေချန်းယောလ်ကရောက်လာပြီးပြောတော့မှဆယ်ဟွန်း အသိစိတ်ကပ်တော့သည်။ဒါတောင်လုံးလုံးလျားလျားကပ်ခြင်းမဟုတ်။

"အဲ့နေ့ကလိုဘဲ .. အဲ့နေ့က မျက်နှာတစ်ခုလုံးသွေးတွေနဲ့သူရောက်လာခဲ့တာ .. ငါ ဘာမှမလုပ်နိုင်ခဲ့ဘူး .. လက်တွေကတုန်နေခဲ့တာ .. ခွဲစိတ်ဖို့ မပြောနဲ့ဓားတောင်ငါမကိုင်နိုင်ခဲ့ဘူး .. သူ့ကိုသာဆုံးရှူံးရရင် "

"ဂျုံအင်အဆင်ပြေပါတယ်ကွာ .. သူဆေးအရှိန်နဲ့အိပ်ပျော်နေရုံဘဲ မင်းကိုယ်မင်းလည်းပြန်ကြည့်လိုက်ဦး .. ညစ်ပတ်နေတာဘဲ မြန်မြန်သန့်ရှင်းရေးလုပ်ပြီး လူနာသွားစောင့်တော့ .. ငါ့ babe ကအားတာမဟုတ်ဘူး "

ချန်းယောလ်ပြောမှဆယ်ဟွန်းကိုယ့်ကိုကိုယ်ငုံ့ကြည့်မိသည်။ဖိနပ်ပင်မပါ။သွေးတွေပေနေသော shirt အဖြူနှင့်။ကြာကြာမှိုင်တွေမနေစေလိုသော ချန်းယောလ်ဆန္ဒကိုသိတာမို့ ထိုင်ရာကနေထလိုက်တော့သည်။

"အင်း .. ဆောရီးကွာ "

ချန်းယောလ်ကိုတောင်းပန်ပြီး ဆေးရုံမှာဘဲရေချိုးကာအင်္ကျီလဲလိုက်သည်။ဂျုံအင်အခန်းရှေ့အကြာကြီးတွေဝေနေပြီးမှစိတ်ကိုပြင်ဆင်ကာ အခန်းထဲဝင်သွားလိုက်တော့ ဂျုံအင်က ဘတ်ဟျွန်းနဲ့စကားပြောနေသည်။

"မေမေရော အဆင်ပြေရဲ့လား "

"ကိုယ့်ကိုကိုယ်ဘဲပူ "

မယ်မယ်ကိုမေးနေသည်မို့ ဆယ်ဟွန်းစောင့်အောင့်ကာဖြေလိုက်တော့
သဘောတကျရယ်နေလေသည်။

"မရယ်နဲ့ .... ဒဏ်ရာက နာလိမ့်မယ် "

"လာပါဦး ... ကျွန်တော့်ဆီကို "

ချန်းယောလ်နဲ့ဘတ်ဟျွန်းကအလိုက်တသိ အခန်းထဲကထွက်သွားတော့မှ ဆယ်ဟွန်း ဂျုံအင်နားကိုတိုးကပ်သွားလိုက်သည်။

"ဘာလို့ဆိုးရတာလဲ ဟမ် .. "

"မေမေကိုအားနာလို့ပါ .. သူ့ကို ဘယ်သူမှမချစ်ဘူးလို့ခံစားနေရတာလေ "

"ကိုယ့်ကိုရောထည့်မတွက်ဘူးလား .. မင်းမရှိရင်ရူးမယ့်ကိုယ့်ကိုလေ "

Find A Way To My HeartOnde histórias criam vida. Descubra agora