16.

897 142 16
                                    


[Zawgyi]

ဆယ်ဟွန်း ထယ်မင်းဆီကနေပြန်လာတော့ ညနေစောင်းနေလေပြီ။စိတ်ကောက်နေတဲ့ကောင်လေးဆီ ဖုန်းဆက်သော်လည်း မကိုင်။ဂျုံအင်နေတဲ့တိုက်ခန်းရှေ့ရောက်တော့ မီးပိတ်ထားတာမို့ ဆယ်ဟွန်းထပ်မဆက်တော့။အိပ်ပျော်နေပြီထင်ပါ့။

"ကောင်းကောင်းအိပ် .. ကိုယ် မင်းစိတ်ဆိုးပြေတဲ့အထိ ချော့ပါ့မယ် ဂျုံအင်ကိုချစ်တယ် "

Voice mes လေးချန်ထားခဲ့ပြီးဆယ်ဟွန်းကားကိုကွေ့ကာ တိုက်ခန်းဆီပြန်ခဲ့တော့သည်။မြို့လယ်မှာရှိပြီး အသင့်အတင့်ပေးရတဲ့တိုက်ခန်းဆီရောက်တော့ ဆယ်ဟွန်းစိတ်လွှတ်ကိုယ်လွှတ် ကုတင်ပေါ်လှဲချမိသည်။Necktie ကိုဖြေလျှော့ပြီး အင်္ကျီကြယ်သီးတွေကိုတစ်လုံးပြီးတစ်လုံးဖြုတ်ပစ်နေသော်လည်း စိတ်တင်းကြပ်မှုကိုမတွန်းလှန်နိုင်။

*Ph ring*

ဖုန်း Contact ကိုကြည့်လိုက်သည်နှင့် ဆယ်ဟွန်းရဲ့မကြည်လင်တေဲ့ စိတ်တို့ဟာအဆုံးထိနောက်ကျိသွားရသည်။

"မနက်ဖြန် ညနေ၆နာရီ ဟိုတယ်ကိုလာခဲ့ အွန်ဗြောတို့နဲ့ညစာစားပွဲရှိတယ် .. "

".... "

"မင်း မလာရင် အခြေအနေတွေကပိုဆိုးလာဖို့ဘဲရှိတယ်နော် "

"ကျွန်တော် ဂရုမစိုက်ဘူး .. ဂျုံအင်နဲ့အတူရှိဖို့ဆက် ကြိုးစားသွားမှာ "

ဆယ်ဟွန်းမြန်မြန်ပြောပြီးဖုန်းချပစ်လိုက်သည်။ခု ဆယ်ဟွန်းက ဘယ်ဆေးရုံမှ ဝင်မရ။အစိုးရဆေးရုံမဟုတ်တာတွေဆိုပိုဆိုးသည်။ဆယ်ဟွန်း ဂျုံအင်နှင့်အတူ မေမေ့ကိုဆန့်ကျင်ပြီး ဖြတ်သန်းရမယ့် မနက်ဖြန်တွေကိုတွေးပြီးမိုးလင်းခဲ့ရသည်။

•~•

"ဂျုံအင်းနား ဘယ်မှာလဲ ? ကိုယ် ဂျုံအင်တိုက်ခန်းအောက်မှာ .. ကိုယ်တောင်းပန်ပါတယ်နော် "

"ကျွန်တော် ခုဆေးရုံမှာ "

"ဘာ ! ဘာဖြစ်လို့လဲ .. ဘယ်ဆေးရုံလဲ .. ဘယ်နားခိုက်မိလို့လဲ ? "

"Seoul ဆေးရုံကြီးမှာ .. ခိုက်မိတာက ကျွန်တော်မဟုတ်ဘူး .. အဖေတူအမေကွဲ ညီမလေး "

"ကိုယ်အခု လာခဲ့မှာမို့ ဘယ်မှမသွားနဲ့နော် .. မနက်စာ ဘာစားပြီးပြီလဲ .. ဟင် .. ဂျုံအင်နား "

Find A Way To My HeartWhere stories live. Discover now