[Zawgyi]
"ကလေးလေး .. ကိုကို့ကိုမှတ်မိလား "
ဂျုံအင်လက်ကိုလာဆွဲပြီးပြောနေတဲ့ လူတစ်ယောက်ကြောင့် ဂျုံအင်လက်ကိုအသာရုန်းရင်းခေါင်းခါပြလိုက်သည်။
"ဟိုနေ့က ပန်းဥယျာဉ်မှာတွေ့ခဲ့တဲ့ ကိုကိုလေ .. ကလေးလေး မေမေတို့ကိုကူရှာပေးခဲ့တာလေ "
ဂျုံအင် မှတ်မိသွားတာကြောင့် ဦးတစ်ချက်ညွှတ်ရင်းကျေးဇူးတင်ကြောင်းပြောလိုက်သည်။ထိုကိုကို သာမကူညီရင် မေမေတို့ကိုဂျုံအင်ရှာတွေ့မှာမဟုတ်။
"နာမည်ဘယ်လိုခေါ်လဲ ကလေးလေး "
"ဂင်ဂျုံအင်ပါ "
"ကိုကို့နာမည်မှတ်ထားနော် .. အိုဆယ်ဟွန်း တဲ့ "
•~•
"အာ့ .. "
ခေါင်းဆီမှနာကျင်မှုကြောင့် ဂျုံအင်အသံထွက်ညည်းမိတော့ အနားကိုတိုးလာတဲ့ခြေသံတရှပ်ရှပ်။
"သတိရပြီလား ? "
နားထဲတိုးဝင်လာတဲ့အသံချိုချိုကြောင့် ဂျုံအင်မျက်ဝန်းတို့ကိုဖြည်းဖြည်းချင်းဖွင့်လိုက်မိသည်။ငုံ့မိုးကြည့်နေတဲ့မျက်နှာဆီကိုဂျုံအင် အမှု့မဲ့အမှတ်မဲ့လက်လှမ်းမိပြီးမှ ဆစ်ကနည်း နာကျင်သွားတဲ့လက်ကြောင့်ချက်ချင်းပြန်ချလိုက်ရသည်။
"လက်ကအရိုးအက်သွားတာ လှုပ်ရှားမှုလုပ်လို့မရသေးဘူး "
"ဟုတ် "
ဂျုံအင်ပြန်ဖြေရင်း မျက်လုံးတို့ကိုပြန်မှိတ်လိုက်သည်။မျက်ဝန်းထောင့်ဆီကစီးကျလာတဲ့မျက်ရည်တွေက ခန္ဓာကိုယ်ဆီကနာကျင်မှုကြောင့်တော့မဟုတ်။
"ခေါင်းမူးနေသေးလား ? တစ်ခုခုအဆင်မပြေတာရှိရင် ချက်ချင်းပြောပါ .. တခြားနာကျင်တဲ့နေရာရှိရင်လည်းပြောပါ "
"ကျွန်တော် .. အဆင်ပြေပါတယ် ဒေါက်တာ .. ကျွန်တော်နားချင်လို့ ထွက်သွားပေးလို့ရမလား "
ရိုင်းရာကျမည်ဆိုတာသိပေမယ့် ကျွန်တော်ဆုံချင်ခဲ့တာဒီလိုတွေ့ဆုံမှုမျိုးနဲ့မှမဟုတ်တာ။ဒီထက်ပိုပြီးနွေးထွေးချင်ခဲ့တာ။ပွေ့ဖက်ခံချင်ခဲ့တာ။လွမ်းနေကြောင်းကိုရင်ခွင်ထဲတိုးဝင်ပြီး ပြောချင်ခဲ့တာ။
![](https://img.wattpad.com/cover/207634721-288-k316064.jpg)
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...