[Zawgyi]
*တီ ... တီ ... တီ *
ဖုန်းကဝင်နေပေမယ့် ကိုင်မယ့်လူမရှိ။ဆယ်ဟွန်း ဂျုံအင်အခန်းရှေ့ရပ်ရင်း ဖုန်းခေါ်နေသည်မှာ ၁၀ခါလောက်ပင်ရှိတော့မည်။တစ်ခါမျှပင်မကိုင်ပါ။ကြာတော့ စိတ်ပူလာသည်မို့ pw ရိုက်ထည့်ပြီးဝင်လိုက်တော့သည်။ပြီးမှ စိတ်ပိုဆိုးလည်းဆိုးပါစေတော့။
"ဂျုံအင်နား .. ကလေးလေး "
အသံပေးပြီး ဝင်သွားလိုက်ပေမယ့် ဘာသံမှပြန်မကြားရ။တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာပေမယ့် notification တွေအပြည့်နှင့် ဖုန်းသာတွေ့ပြီး လူတော့မတွေ့ရ။ဂျုံအင်က ဘယ်တော့ဖြစ်ဖြစ်အပြင်သွားရင် ဖုန်းယူနေကြမို့ ဆယ်ဟွန်းအတွက်တွေးစရာဖြစ်သွားရသည်။
ထယ်မင်းကိုဖုန်းဆက်ရင်း ဘတ်ဟျွန်းတို့ဆီပါလှမ်းဆက်မေးကြည့်လိုက်သည်။သူတို့ဆီလည်းမလာကြောင်းပြောတော့ဆယ်ဟွန်း ရဲ့စိုးရိမ်စိတ်တွေက ငယ်ထိပ်ထိရောက်သွားရသည်။ဒီတိုင်းထိုင်နေလို့လည်းမဖြစ်တာမို့ အခန်းထဲကထွက်မည်ပြင်လိုက်တော့ ဖိနပ်ထားတဲ့နေရာမှာ ရှိနေဆဲဖြစ်တဲ့ ဂျုံအင်ရဲ့ဖိနပ်အဖြူလေး။
•~•
"ကောင်လေးက ၂၈နှစ်ဆိုတာဟုတ်ရဲ့လား .. ခန္ဓာကိုယ်လေးကလည်းအမိုက်လေးကွာ "
ဂျုံအင် နိုးလာသည်နှင့် ကြားလိုက်ရတဲ့အသံကြောင့် မကောင်းတဲ့အငွေ့အသက်ကိုခံစားလိုက်ရသည်။အသိစိတ်ဝင်လာသည်နှင့် တကယ်ကိုမကောင်းတဲ့ကိစ္စတွေဖြစ်နေပြီဆိုတာသိလိုက်ရသည်။ဂျုံအင်ခေါင်းကိုတစ်ခုခုနှင့်စွပ်ထားတာမို့ ဘာမှမမြင်ရ။လက်နှင့်ခြေထောင်တို့ကလည်း ခုံနှင့်တွဲကာ တုတ်ထားပုံရသည်။
"နိုးလာပြီကွ "
ဂျုံအင်အနည်းငယ်လှုပ်လိုက်တော့ ခုနကအသံနဲ့မတူတဲ့နောက်တစ်သံထွက်လာလေသည်။
"ကျွန်တော် .. "
ခြောက်ကပ်နေတဲ့လည်ချောင်းကြောင့် ဘာမှဆက်ပြီးမပြောနိုင်တော့။တတ်နိုင်သမျှ လက်မှချည်နှောင်ခံထားရတာတွေပြုတ်အောင်ရုန်းနေမိသည်။
"ဟားဟား .. ရုန်းနေလည်းအပိုဘဲ ... မကြာခင် မင်းကငါတို့လက်ထဲရောက်တော့မှာကွ "
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...