2.

1.7K 245 95
                                    

[Zawgyi]

"အဲ့ကောင်မလေးက တမင်လုပ်တာ .. ငါသေချာမြင်တာမို့ .. ဆရာ့ကိုတိုင်လိုက်လေ "

ဂျုံအင်သတိရလာတော့ လူတစ်ယောက်က ကုတင်ခြေရင်းနားမှာရပ်ပြီးဖုန်းပြောနေလေသည်။ကိုယ့်ခေါင်းကိုထိကြည့်မိတော့ ခေါင်းမပေါက်သွားတာမို့တော်သေးသည်ပြောရသည်။

"သတိရလာပြီဘဲ .. နေသာရဲ့လား "

"ကျွန်တော် မေ့လဲသွားတာလား "

ဂျုံအင်ကို ကုတင်ပေါ်ကဆင်းလို့ရအောင် ကူညီပေးတဲ့ ကျောင်းသားကိုမေးလိုက်တော့ ထိုကျောင်းသားကပြုံးသည်။ပါးပြင်မှာထင်းနေအောင်ပေါ်လာတဲ့ပါးချိုင့်က ထိုကျောင်းသားရဲ့ကြည့်ကောင်းမှုကိုပြနေသလို။

"အင်း .. ဟုတ်တယ် .. အဆင်ပြေရဲ့လား .. ကျောင်းဆင်းသွားပြီဆိုတော့ အိမ်ပြန်ရအောင်လေ "

"ဟို .. ရပါတယ် .. ကျွန်တော့်ဘာသာဘဲ "

"မရဘူး .. ကျောင်းသားဥက္ကဌကသေချာလေးပို့ပေးလိုက်ပါတဲ့ "

"ကျောင်းသားဥက္ကဌက ? "

"အင်း .. အတန်းထဲအရင်သွားမှာမလား .. အင်္ကျီလဲရမယ် "

"ဟုတ် "

အရပ်ရှည်ရှည်၊မျက်လုံးဝိုင်းဝိုင်း၊နားရွက်ကားကားနဲ့လူကိုဂျုံအင်မမြင်ဖူး။အတန်းထဲကလား၊တခြားအတန်းကလားလဲ ဂျုံအင်မသိ။ဂျုံအင်အတန်းထဲရောက်တော့ ဘယ်သူမှမရှိတော့သလို အတန်းတွင်းသန့်ရှင်းရေးလည်းလုပ်ပြီးသွားလေပြီ။ဂျုံအင်နဲ့တူတူပါလာတဲ့ ကျောင်းသားကိုအတန်းရှေ့ခဏစောင့်ခိုင်ပြီး  ကျောင်းအင်္ကျီအမြန်လဲလိုက်သည်။ပြီးမှ လွယ်အိတ်ယူကာ အတန်းထဲကထွက်လိုက်သည်။

စာအုပ်အချို့သိမ်းရန် Locker ဆီသွားတော့လည်း ဘေးကနေ ငြိမ်ငြိမ်လေးသာလိုက်လာသည်။စကားလည်းမပြောလာ။ဂျုံအင်ကတစိမ်းတွေနဲ့ဆိုရင်စကားနည်းတဲ့သူမို့ ဘာစပြောရမယ်မှန်းလဲမသိ။

Locker ကိုဖွင့်လိုက်တော့ ဂျုံအင့်စာအုပ်ပုံရဲ့အပေါ်ဆုံးမှာရှိနေတဲ့ စက္ကဘူးလေး။ဂင်ဂျုံအင်လို့နာမည်တပ်ထားပြီး စက္ကူဘူးကလည်းမနေ့ကလို အဝါရောင်လေးဖြစ်သည်။ဘေးမှာစောင့်နေတဲ့လူကိုလည်းအားနာတာမို့ စက္ကူဘူးလေးကိုလွယ်အိတ်ထဲအမြန်ထိုးထည့်လိုက်ပြီးစာအုပ်အချို့ Locker ထဲပြောင်းထည့်လိုက်သည်။

Find A Way To My HeartDonde viven las historias. Descúbrelo ahora