[Zawgyi]
"အစ်ကိုက တော်လိုက်တာ "
ဂျုံအင် အစ်ကို့ရဲ့အမှတ်စာရင်းစာရွက်လေးကိုကြည့်ပြီးပြောလိုက်မိသည်။တစ်ကျောင်းလုံးမှာပထမရတာ နည်းတဲ့စကေးလား။ဂျုံအင်လည်းစာတော်ချင်လိုက်တာ။ဘာစာမှမလုပ်ရဘဲ စာတော်ချင်သည်။
"ကိုယ့်ကိုဆုမချချင်ဘူးလား "
အတူထိုင်နေတဲ့ ဂျုံအင်မျက်နှာနား ပါးထိုးပေးရင်းပြောလာတာမို့ဂျုံအင် ခေါင်းခါပြလိုက်ပြီး မျက်နှာကိုနောက်ဆုတ်မိသည်။နှစ်ယောက်တည်းရှိနေပေမယ့် ဂျုံအင်ရှက်သည်။
"ဘာလို့လဲ .. ကိုယ်တို့တွဲလာတာ ၁လပြည့်တော့မှာကို .. ပါးလေးတောင်မနမ်းချင်ဘူးလား "
"တွဲလာတာ တစ်လပြည့်တော့မှာ ? "
ဂျုံအင်နားမလည်သည်မို့ပြန်မေးလိုက်တော့ အစ်ကိုက မျက်ခုံးတို့ကိုကျုံ့ပြီးကြည့်လာသည်။ကျွန်တော်ပြောတာဘာများမှားသွားလို့လဲ ? ။
"အင်းလေ .. ၁လပြည့်တော့မှာ .. ဂျုံအင် ရက်မမှတ်ထားဘူးလား .. နည်းနည်းလေးတော့အမှတ်ရသင့်တယ်လေကွာ "
အစ်ကိုက စိတ်ရှုပ်သလိုဆံပင်တို့ကိုဆွဲဖွရင်းပြောလာသည်။ ကျွန်တော်တို့နမ်းလိုက်တာနဲ့ အတွဲဖြစ်သွားတာလား ? ။ချစ်တယ် တစ်ခွန်းမပြောဘဲနဲ့ ကျွန်တော်တို့ကချစ်သူတွေဖြစ်သွားပြီလား ? ။
"မင်း .. ကိုယ့်ကိုမချစ်ဘူးလား .. ဒီတိုင်းအတင်းလိုက်ကပ်နေလို့ အပျင်းပြေသဘောလား ? "
ကျွန်တော့်ပုခုံးကိုဆုပ်ကိုင်ပြီးမေးလာတဲ့အစ်ကို့ကြောင့် ဂျုံအင်မျက်ရည်တွေချက်ချင်းရစ်ဝိုင်းလာရသည်။နမ်းလိုက်တာနဲ့အတွဲတွေဖြစ်ပြီဆိုတာကျွန်တော်မှမသိတာ။ဘယ်သူနဲ့မှလည်းမတွဲဖူးဘူးလေ။
ပုခုံးကိုပိုပြီးတင်းတင်းဆုပ်ကိုင်လာတော့ ပုခုံးကမနာပေမယ့် ရင်ဘတ်ထဲကနာတယ်။စူးစူးအောင့်အောင့်ကိုနာကျင်လာတာ။ခေါင်းကိုအောက်ငုံ့ထားမိပြီးမျက်ရည်တွေလည်းကျနေမိပြီ။
"ပြောစမ်းပါ .. မင်းက ကိုယ့်ကိုအပျော်လား "
"ထင်ချင်သလိုသာ ထင်လိုက်တော့ "
YOU ARE READING
Find A Way To My Heart
Fanfiction"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွ...