20.

756 133 6
                                    

[Zawgyi]

"အဟက် .. ကလေးကြနေတာဘဲ "

ဟိုးအရင်ညကတည်းက ထယ်မင်းပို့ပေးလာသော Video အတိုလေးကို အစပိုင်းလေးကြည့်ရုံမျှပင်ဆယ်ဟွန်း ရေရွတ်လိုက်မိသည်။ပါးပြင်ပေါ်စီးကျလုလု မျက်ရည်တွေက ပြုံးနေသော နှုတ်ခမ်းပါးနှင့်မလိုက်ဖက်စွာ။

"ဒေါက်တာအို .. အရေးပေါ် .. "

နားနေခန်းဝမှ ထွက်ပေါ်လာသော အသံကြောင့် ဆယ်ဟွန်းမျက်ရည်တွေအမြန်ပွတ်သုတ်လိုက်ပြီးဖုန်းပိတ်ကာ အမြန်ထရပ်လိုက်သည်။မိုက်ကနည်းမူးသွားပေမယ့် လူနာက အရေးကြီးနေတာမို့ ရေသာ မော့သောက်လိုက်ရင်း သူနာပြု နောက်မှပြေးလိုက်မိတော့သည်။

၅နာရီကြာခွဲစိတ်ပြီးတော့ ဆယ်ဟွန်းခြေထောက်တွေပင်မခိုင်တော့ပေမယ့် Night Duty ပါဆက်နေတာမို့ ညအရမ်းနောက်မကျခင် Round လှည့်ရပြန်သည်။သိပ်မဖွံ့ဖြိုးသော မြို့က ဆေးရုံလေးမို့ ဆရာဝန်လည်းများများစားစားမရှိဘဲ ဆယ်ဟွန်းနှင့် ဆေးရုံအုပ်ဆရာဝန်တစ်ယောက်သာ ဒိုင်ခံပြီးလုပ်နေရသည်။

"ဒေါက်တာ .. အဆင်ပြေရဲ့လား "

နံရံကိုလက်လှမ်းထောက်လိုက်ပေမယ့်ယိုင်သွားတာအသိအသာမို့ ဘေးနားက Nurse မလေးကမေးလာလေသည်။အဆင်ပြေကြောင်း လက်ကာပြလိုက်ပြီး ကျန်ရှိသော အဆောင်တွေကိုဆက်ပြီး round လှည့်နေလိုက်သည်။

အဆောင်တွေအကုန်ပြီးသွားတော့ နားနေခန်းဆီပြန်လာပြီး ခဏထိုင်နေလိုက်သည်။ဖုန်းထဲက video လေးကိုဆက်ကြည့်ချင်တာမို့ဖွင့်လိုက်တော့ video ကအဝိုင်းလည်ကာ လိုင်းကသိပ်မကောင်းချင်တော့။ဖုန်းလိုင်းပင်မမိချင်တဲ့ အတော်ခေါင်တဲ့ နေရာမို့ ဆယ်ဟွန်း  ဂျုံအင်နှင့်ဖုန်းမပြောရသည်မှာကြာပြီဖြစ်သည်။

ဆေးရုံတွင်းမှထွက်ကာ ဆေးရုံဝင်းထဲရှိ သစ်ပင်အောက်တွင်ဝင်ထိုင်နေလိုက်သည်။အကောင်ပလောင်အသံအချို့မှလွဲပြီး တိတ်ဆိတ်နေလေသည်။နွေရာသီပေမယ့် ညနက်နေတော့ လေပြေလေးတွေကခပ်အေးအေးတိုက်နေလေသည်။ဖုန်းလိုင်းမိသည်ထိ စောင့်ရင်း ဆယ်ဟွန်းထိုင်နေမိသည်။

"ပင်ပန်းနေပြီလား ဒေါက်တာအို "

"အာ .. ဆေးရုံအုပ် duty off တယ်မလားဗျ "

Find A Way To My HeartWhere stories live. Discover now