13.

1.5K 214 66
                                    

[Zawgyi]

"အွန်ဗြောနား .. IG က post ကိုပြန်ဖျက်ပေးတော့ "

"ဟဲ့ .. ဘယ်လိုဖြစ်တာလဲ နင်ဘဲတင်ဆို "

"အခု ဖျက်လိုက်တော့ .. ဂျုံအင်ဖုန်း စက်ပိတ်ထားတယ် တိုက်ခန်းမှာလည်းမရှိဘူး "

"အေး ငါခုဖျက်လိုက်တော့မယ် .. သေချာရှာကြည့်လိုက်ဦး တွေ့ရင်ငါ့ကိုလှမ်းပြောပေးဦး နင့်ကိုဘဲသတ်ချင်တယ် အိုဆယ်ဟွန်း "

"နောက်မှရန်တွေ့တော့ ငါကားမောင်းနေလို့ "

အလျင်စလိုဖုန်းချသွားတဲ့ ဆယ်ဟွန်းဆီက အဝင် call လေးကိုကြည့်ရင်း အွန်ဗြောရယ်လိုက်မိသည်။မျက်ရည်တစ်စက်ကတော့ ပါးပြင်ကိုဖြတ်ကာ စီးဆင်းသွား၏။

နင်သာ ပျော်မယ်ဆိုရင် ..
ငါဒီနားမှာဘဲ ရပ်နေရလည်း အဆင်ပြေတယ်သိလား
ဆယ်ဟွန်းနီ .. ။

•~•

"ဂျုံအင်နား ဖုန်းကိုင်ပါ ကျေးဇူးပြုပြီး "

"ကိုယ်အရမ်းစိတ်ပူနေလို့ "

ဖုန်းမကိုင်သည့်အတွက် voice mail တွေတန်းစီပို့နေပေမယ့် တုန့်ပြန်မှုတော့ရှိမလာ။အလုပ်ကိုလိုက်သွားတော့ ပြန်သွားတာ အနည်းငယ်ကြာပြီဟုပြောသည်။

"ဒီမှာရှင့် "

Reception မှာမေးမြန်းနေတုန်း အနောက်ဆီမှခေါ်သံကြားလိုက်တာမို့ လှည့်ကြည့်မိတော့ မနေ့က ဂျုံအင်တိုက်ခန်းမှာတွေ့တဲ့ တစ်ယောက်ပင်။ဝတ်စုံအပြည့်ဝတ်ထားပုံအရ ဒီက ဝန်ထမ်းပင်ဖြစ်လိမ့်မည်။

"အစ်ကို ဂျုံအင်ကိုရှာနေတာလား ? "

"မင်း ဘယ်လိုလုပ်သိတာလဲ .. ဂျုံအင်ကို "

"အာ .. အထင်မလွဲပါနဲ့နော် .. ဆောယွန်းက အစ်ကိုဂျုံအင်ရဲ့ ဘေးအခန်းကပါ .. မနေ့တုန်းက အဘွားလည်းရှိပါတယ် .. အဘွားက ညစာအတူစားကြမယ်ဆိုလို့ ဆောယွန်းက အဲ့မှာကူပေးနေတာပါ ဒီက အစ်ကိုအိုဆယ်ဟွန်းက အထင်လွဲနေတယ်ထင်လို့ရှင်းပြတာပါ .. ပြီးတော့ အစ်ကိုဂျုံအင် က ဟိုးးး နားက စားသောက်ဆိုင်မှာရှိတယ် "

ကောင်မလေး ညွှန်ပြတဲ့ နေရာကိုလှမ်းကြည့်လိုက်တော့ မိုးကာနဲ့ ကာထားတဲ့ ဆိုင်သေးသေးလေး။ဆယ်ဟွန်း ကျေးဇူးတင်စကားပြောလိုက်ပြီး ကားယူမနေတော့ဘဲ လမ်းလျှောက်ကာ ထိုနေရာကိုရောက်အောင်သွားလိုက်သည်။မိုးအကာလေးကိုဖယ်ကာ အထဲကိုဝင်လိုက်တော့ ထောင့်ဝိုင်းမှာ ဆိုဂျူးတစ်ပုလင်းနဲ့ ထိုင်နေတဲ့ ဂင်ဂျုံကောက်။

Find A Way To My HeartWhere stories live. Discover now