Sugar & Candy (Part-6) Z

4K 275 4
                                    

ရိပေါ် ရှောင့်ကျန့်အိမ်ရောက်သည်မှာ ၂လ ပြည့်ခဲ့ပြီ

ရိပေါ်က စားဖိုမှူး သင်တန်းတက်ချင်သည်ဆို၍ ရှောင်ကျန့် ခွင့်ပြုခဲ့သည် နောက်မကြာ home decorate သင်တန်းတက် ချင်သည်ဟုပြောလာသည်

ရှောင်ကျန့်ခွင့် မပြုချင် သင်တန်းတစ်ခုထဲနဲ့တောင်သူတို့ မျက်နှာချင်းဆိုင်မတွေ့ဖြစ်ကျ

ရှောင်ကျန့် ကုမ္ပဏီ သွားချိန်ဆိုလည်း ရိပေါ်မနိုးသေး

ကုမ္ပဏီကပြန်ရောက်တော့လည်း ရိပေါ်သင်တန်းချိန်မှာ ၄နာရီမှ ၆နာရီဖြစ်၍ တွေ့ချိန်နည်းလှသည်

တွေ့လျှင်လည်း ရိပေါ် စကားလမ်းကြောင်းလွဲကာရှောင်ထွက်နေသည်

ဘာကြောင့် ပြောင်းလဲသွားလည်းရှောင်ကျန့်မစဉ်းစားတက်

"ကျန့်ကော"

"ဟင်"

ရှောင်ကျန့်အတွေးများ ကိုရပ်လိုက်ရင်း

"ကျွန်တော် သင်တန်းတက်ချင်တယ်လို့ ကောကဘာမှလည်းမ​ပြန်မပြောဘူး"

"ကလေးက ဘာလို့သင်တန်းတွေ အများကြီးတက်ချင်နေတာလဲ ? ကလေးကခုမှအသက်ငယ်ငယ်လေးရှိသေးတယ်လေ အချိန်တွေအများကြီးရှိပါသေးတယ်"

ရိပေါ် ဂုတ်ပိုးလေးကို ကုတ်ရင်း

"ဟုတ်တော့ဟုတ်ပါတယ် ခုသင်တန်းကရက်နည်းနည်းကြာရင်ပြီးတော့မယ်လေ ဟို•••နောက်ပြီး ရွှယ်ယန် တို့နဲ့ အတူတူ တက်ချင်လို့"

ရှောင်ကျန့် မျက်နှာ ပျက်သွားသည်

ရွှယ်ယန်ကိုသူသိသည် ရိပေါ်နဲ့ အတူတူစားဖိုမှူးသင်တန်းတက်သူ ရိပေါ်အ့ ကောင်လေးအပေါ်ခင်တွယ်နေတာကိုလည်းမကြိုက်

"ကော စဉ်းစားပေးမယ် ခု တော့ ကောနားအုန်းမယ်"

ရှောင်ကျန့် ပြောပြီးပြီးချင်းရိပေါ်ရှေ့မှ ထလိုက်ပြီး အိမ်ပေါ်တက်သွားသည်နှင့်

"ကျန့်ကော!"

ရိပေါ်ခေါ်သံကြောင့်လှည့်ကြည့်လိုက်ရင်ပဲ

"ကော ခွင့်ပြုပေးပါနော် ကျွန်တော်တက်ချင်လို့ပါ"

မျက်နှာငယ်လေးနဲ့ ခွင့်တောင်းနေသူကိုမြင်တော့

Sugar man & Canday Boy{Unicode & Zawgyi}CompleteWhere stories live. Discover now