၃နာရီကြာ အိပ်မောကျနေတဲ့ ကလေးလေး လူးလွင့်လာကာ
"ကိုကို"
လက်ထဲမှာဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"ကိုယ်ရှိတယ် ကလေး"
"ကိုကို ~ဟင့်!"
လက်လေးဆန့်တန်းပေးတဲ့ကလေးလေးကို ဆွဲပွေ့ကာ ဆံပင်နုနုလေးတွေကိုသပ်ပေးရင်း
"ကိုယ်ရှိတယ်နော်"
"ကိုကို~ ခရီးသွားဖို့ပြင်ပြီးပြီးလား?"
"ဟင့်အင် ကိုယ်မသွားတော့ဘူး ကိုယ့်ကြောင့်ကလေးခုလိုဖြစ်ရတာ~~"
ရိပေါ် ရှောင်ကျန့် နှုတ်ခမ်းကို လက်ချောင်းလေးနဲ့ပိတ်လိုက်ရင်း
"ကလေးကြောင့် ကိုကိုအလုပ်အပျက်မခံပါနဲ့ စောစောက ပြောခဲ့တာတွေက ကိုကို့ကိုမယုံကြည်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော်"
ရင်ဘတ်ကို ပါးလေးနဲ့ပွတ်ကာပြောနေတဲ့ ကလေးလေး
ငိုထားလို့အစ်နေတဲ့မျက်ခွံကလေးနဲ့ ပါးပြင်နီဆွေးဆွေးလေး တစ်လှည့်စီငုံ့နမ်းလိုက်ရင်း
"ချစ်တယ် ကလေးလေး"
"ကိုကို"
"အင်"
"စီယန်ကျဲ နဲ့ကိုကိုကခုတလော အတူတူအလုပ်လုပ်နေတာလားဟင်?"
"အင်းးအရေးကြီးကိစ္စလေးတစ်ခုရှိလို့"
"ဘာကိစ္စ~"
နှုတ်ခမ်းဖူးဖူးလေးကို အနမ်းလေးနဲ့ပိတ်လိုက်ပြီး
"အချိန်လေးနည်းနည်းလေးပဲစောင့် ကိုယ်အားလုံးပြောပြမှာမို့"
"အွင်းး ကိုကို့ကိုကျွန်တော် ယုံတယ်"
"ကလေးလေးဗိုက်ဆာနေပြီလား ကိုယ်ညစာစားဖို့ယူခဲ့မယ်"
ရိပေါ် ရင်ခွင်ကျယ်ထဲကိုပိုတိုးဝင်လိုက်ရင်း