"ကိုကို""
"ကျွန်တော့်ကိုကြည့်ပါအုန်း ကိုကိုရေ "
ရှောင်းကျန့် မျက်လုံးကိုအတင်းပွတ်ကြည့်လိုက်တော့ အကျီအဖြူရောင်လေး နဲ့ မျက်လုံးလေးမှေးနေအောင်ပြုံးပြနေတဲ့ကလေးလေး ဟုတ်တယ် ကျွန်တော် ကလေးလေး
လက်လေးကိုလှန်းဆွဲမယ်လုပ်တော့ ပြေးထွက်သွားတဲ့သူလေး
"ကလေး ဘယ်သွားမလို့လဲရိပေါ် "
ရိပေါ် သူ့ကိုပြုံးပြုံးလေးလှည့်ကြည့်ရင်း ဆက်ပြေးသွားတယ်
ရှောင်းကျန့် မျက်ရည်တွေစီးကျနေရင်းက
"ကလေး ! ကိုယ်စီပြန်လာပါကွာ"
" ရိပေါ် ကိုယ်ပြောနေတယ်လေ ကလေး"
ရှေ့ကပြေးသွားတဲ့ အဖြူရောင်ပုံရိပ်လေး မှေးမိန်ပြီးပျောက်သွားသည်ထိ ရှောင်းကျန့် အဆက်မပျက်တားနေမိသည်။
၄နာရီကြာသတိမေ့နေတဲ့ ရှောင်းကျန့် မျက်လုံးထောင့်လေးမှာလည်း မျက်ရေတွေစီးကျနေရဲ့
"ကလေး!"
ရှောင်းကျန့်လှဲနေရမှ အတင်းထလိုက်ရင်ပဲ ရှီးချန်ရောက်လာပြီး
"ရှောင်းကျန့် ! သတိထားအုန်း"
"ရှီးချန် ကလေးရော ကလေးရော"
အတင်းရုန်းနေတဲ့ ရှောင်းကျန့်ကို ထိန်းရင်း
"ရိပေါ် အရေးပေါ်ခန်းကထွက်လာပြီ "
"အာ့ဆို ကလေးစီသွားမယ် ဖယ်ကွာ"
"သွားလို့မရသေးဘူး သူပိုးသတ်ခန်း ထဲမှာ နေရအုန်းမယ်"
"ကလေး အခြေအနေရော "
ရှီးချန်မျက်နှာပျက်သွားရင်း
"ရှီးချန် ကလေးအခြေအနေရောလို့"
" ဒဏ်ရာကပြင်းတယ် အာရုံကြောကိုတော်တော်ထိသွားတာလို့ပဲပြောသွားတယ် သေချာမသိရသေးဘူး"
ရှောင်းကျန့် စီးကျနေတဲ့မျက်ရည်တွေကို အတင်းသုတ်ရင်း
"ကလေးငါ့စီကထွက်မသွားရင်ပဲ ငါခံနိုင်ရည်ရှိပါတယ်ကွာ ငါကလေးကိုတွေ့ချင်တယ် "
VOCÊ ESTÁ LENDO
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasiaXiao Zhan -seme Yibo -uke (Zhanyi)