"ကျန်းချန်ကော...ရောက်လာပြီလား...?"
"မထလာနဲ့...ရိပေါ်...လှဲနေ..."
ရိပေါ် ကုတင်နားကိုလျှောက်လာကာ
ဘေးက နီတာရဲလေးကို ငုံ့ကြည့်ပြီး"ကလေးက တော်တော်ထွားတယ်နော်..."
"ဟုတ်ပါ့...
ကောလည်းခုမှရောက်လာတော့တယ်...""ကုမ္ပဏီဝင်တာမကြာသေးတော့
သင်စရာတွေရှိတယ် ရိပေါ်ရဲ့...""အင်းပါ...ညနေစာစားပြီးမှပြန်ရမှာနော်...
အားလုံးစီစဥ်ပြီးပြီ...
ခဏနေ ကိုကိုလည်းပြန်ရောက်တော့မှာ...""မလုပ်ပါနဲ့ရိပေါ်ရယ်...
သူဌေးနဲ့တော့...အတူမစားပါရစေနဲ့...""အော...ကိုကိုက ဘာလုပ်နေလို့လဲ..."
"မလုပ်လည်း မစားရဲပါဘူးရိပေါ်ရယ်....
နောက်နေ့မှပေါ့နော...""မရပါဘူး...ကိုကို့ကိုရော ပြောပြီသား...
စားသွားပါ..."ကျန်းချန် ခေါင်းကိုတဗျင်းဗျင်းကုပ်နေသည်။
ဘယ်လိုငြင်းရပါ့ မင်းတို့ပဲစဥ်းစားကြည့်
ကိုယ့်အထက်လူကြီးနဲ့ ထမင်းလက်စုံစားရမယ်တဲ့"အဲ့...အဲ့...ဖူးး..."
အိပ်နေတဲ့ ပေါက်စလေး လူးလာပြီး
နှာတွေချည်လာလေရဲ့"သားရေ...ကျွတ်ကျွတ်...ကျွတ်ကျွတ်...
နှာတွေချေနေပြီ...မှန်း...ရှူးတွေပေါက်ထားလား...?""ဖူးးး..."
"ရှူးတွေပေါက်ထားတာပဲ...ကျန်းချန်ကော...
မရိုမသေ အဲကွန်းလေးလျော့ပေးပါလား...""အေးအေး...ဒိုက်ပါ ယူမလို့လား...
နေနေ...ကောပေးမယ်...""ကျေးဇူးကော..."
"မလိုတာကွာ...ဗိုက်ခွဲထားရင်
ကုန်းကုန်းကွကွမလုပ်ရဘူးမှတ်လား...
နေ...ကောလဲလိုက်မယ်..."ပြာယာတက်နေတဲ့ ကျန်းချန်ကိုပြုံးစိစိနဲ့ကြည့်ပြီး
"ကောကလုပ်တက်လို့လား...?"
"ဒီလေါက်တော့ဖြစ်မှာပါကွ..."
တကယ်လည်းဖြစ်သည်။အနှီးလေးနဲ့ပြန်ပတ်ပေးရင်း
"ကလေးနာမည်ရော...စဥ်းစားပြီးပြီလား..."
"ရိကျန့်...ရှောင်းရိကျန့်..."
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)