Sugar & Candy (Part-40) Z

3.8K 190 7
                                    

စိမ်းစိမ်းစိုစိုနေချင်တယ်ဆိုလို့  ကိုကိုက  စံအိမ်နောက်ဖက်ကိုချဲ့ပြီး  နားနေခန်းလေးလုပ်ပေးထားတယ်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

စိမ်းစိမ်းစိုစိုနေချင်တယ်ဆိုလို့
ကိုကိုက စံအိမ်နောက်ဖက်ကိုချဲ့ပြီး
နားနေခန်းလေးလုပ်ပေးထားတယ်

ကိုကိုအလုပ်သွားရင် စကိတ်စီးရင်းစီး မစီးရင်
အ့မှာသွားပြီး lego ရုပ်လေးတွေဆက်နေတက်တယ်

ဖတ်စရာစာအုပ်တွေရှိပေမဲ့
စာဖတ်တာသူ့စတိုင်မဟုတ်ဘူး တစ်ခါတစ်လေကျ
ကိုကိုက ကဗျာလေးတွေဖတ်ပြတက်တယ်
ပေါင်ပေါ်လေးခေါင်းအုန်းပြီး နားထောင်ယုံပဲ

ခုလည်း အအေးလေးသောက်လိုက်
အရုပ်လေးဆက်လိုက်လုပ်နေတုန်း

"အားဝမ်!
အအေးတွေသောက်ပြန်ပြီလား?

"ကျဲ...ဟဲဟဲ..."

"မဟဲဟဲနဲ့...၃နာရီထိုးနေပြီ...
နေ့လည်စာလည်းမစားဘူး...
သခင်လေးပြန်လာရင်တော့ဆူတော့မှာပဲ..."

ဘေးကသစ်တော်သီးလေးကို တစ်မြုံ့မြုံ့စားရင်း

"ကိုကိုပြန်လာဖို့အများကြီးလိုပါသေးတယ်...
ကျဲပြန်ပြောမှသိမဲ့ဟာကို...တွေးကြောက်နေတယ်...
တကယ်ပါပဲ..."

"သခင်လေးမေးရင်တော့ပြောရမှာပဲလေ...
ကဲပါ...နေ့လည်စာလာစားတော့...
ရေလည်းမချိုးရသေးဘူးမှတ်လား...?"

"မနက်က ချိုးပြီးသား...
မဆာသေးဘူးကျဲကလည်း...
ဒါလေးပြီးအောင်ဆက်လိုက်အုန်းမယ်....သွားတော့"

"ဟင်းး...အိပေါ်...ထမင်းမစားဘာမစား...
အရုပ်ဆက်နေပါတယ်လို့သခင်လေးကို
ပြောလိုက်ရင်ဘာဖြစ်သွားမယ်ထင်လဲ..."

"အသိမ်းခံရမှာပေါ့...ကျဲနော်...အကျင့်မယုတ်နဲ့"

"အ့ဆို ထမင်းလိုက်စား...ရေလည်းချိုးတော့...
ဟွန့်...ဘာတဲ့ဆို ...ကျဲပဲအဆူခံရတာ..."

Sugar man & Canday Boy{Unicode & Zawgyi}CompleteDonde viven las historias. Descúbrelo ahora