ရိပေါ် နှုတ်ခမ်းလေးစူစူနဲ့ ရှောင်ကျန့်အခန်းထဲ ပြန်သွားရင်း
"ပြန်လာမှ တွေ့မယ်ကျန့်ကျန့် ဟွန့်!"
မျက်လုံးကိုလည်း ရှောင်ကျန့်အခန်းထဲဝေ့ကြည့်နေ၏
"ကျန့်ကျန့်က ငယ်ငယ်တုန်းကအတိုင်းပဲ အခန်းက သန့်ပျံ့နေတာပဲ "
ထိုစဉ် ဗိုက်ကလည်း တကွီကွီအသံပေးလာရာ ဗိုက်ကိုအသာပုတ်လိုက်ရင်း
"ငြိမ်ငြိမ်စမ်းကွာ သိက္ခာလေးဆယ်ရအူးမယ် ဟင်းးးဖွားဖွားကို လွမ်းလိုက်တာ ဟင့် "
ရိပေါ် ပျင်းပျင်းနဲ့ပဲ မျက်နှာသစ် ရေချိုး အကျီလဲပြီးသည်နှင့်
"ဝမ်သခင်လေး ဝမ်သခင်းလေး"
"ဘယ်သူလဲ?"
"ကျွန်မ လီလီပါ မနက်စာစားရအောင် ဆင်းခဲ့ပါနော်"
"မစားဘူးဆို မစားဘူး"
"ဝမ်သခင်လေးမစားရင် သခင်လေးပြန်လာရင် ကျွန်မတို့ အဆူခံရမှာမလို့ပါ စားလှည့်ပါနော်"
ရိပေါ် ဆာနေတဲ့ဗိုက်ကလေးကို အသာဖိရင်း
"အ့ဆိုလည်း လီလီကျဲ တို့မဆူမခံရအောင်စားပေးမယ်
သားဆာလို့ မဟုတ်ဘူးနော်"
"ဟုတ်ကဲ့ ဝမ်သခင်လေး "
ရိပေါ်တံခါးကိုဖွင့်ရင်း
"လာ သွားမယ်"
ဆိုကာ ရှေ့မှလှေကားကို ခုံစွခုံစွနှင့် ပြေးဆင်းသွား၍ လီလီမှာ အပြေးလိုက် နေရသည်
ထမင်းစားခန်းရောက်သည်နှင့် ထမင်းစားရင်း
"လီလီကျဲ"
"ဟုတ်ကဲ့"
"ကျန့်ကျန့်ကဘယ်ချိန် ပြန်လာမာလဲ?"
"ကျန့်ကျန့်??? အော် သခင်လေးလား ဟီးးး ပုံမှန်ဆို
၎နာရီပြန်လာပါတယ် ဝမ်သခင်လေး ဒီနေ့တော့စောစော
လာပြန်လာမယ်လို့ပြောပါတယ်"
"ဟင်းး ကျန့်ကျန့်ပြန်လာရင် သားနေ့လည်စာစားတယ်လို့မပြောနဲ့နော်"
BINABASA MO ANG
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)