"ရှီးချန်...အဆင်ပြေပါ့မလားကွာ..."
ရှေ့ကပြာယာခတ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး
"အဆင်ပြေမှာပါကွ..."
"ဝင်သွားတာကြာနေပြီ...ဟင်းး..."
"နာရီဝက်ပဲရှိသေးတာပါ...
ဒီလေါက်တော့ကြာတယ်မခေါ်သေးပါဘူးကွာ...
စိတ်ကိုလျော့ပါ...ရှောင်းကျန့်ရာ..."ဆေးစစ်ရမယ်ဆိုပြီး ခေါ်သွားတာ
ကိုယ်တိုင်လည်းလိုက်သွားလို့မရတာကြောင့်
မသိတဲ့သူတွေကြားထဲ ကလေးများကြောက်နေမလား
တွေးရင်းကတစ်ပူ ဆေးစစ်ချက်ထွက်လာရင်လည်း
ကိုယ်ဝန်ဆောင်ဖို့ အောင်မြင်မှာလည်းဆိုးရိမ်တယ်
အဆိုးလေးကို လိုက်ရောမိပေမဲ့မသိစိတ်က
ကိုယ်ဝန်မဆောင်ရစေဖို့ဆုတောင်းမိတာအမှန်ကလေးရယ်ကိုယ်ရယ်ရှိတဲ့ ကမ္ဘာလေးက
ပြည့်စုံတာထက်ပိုတယ်ဆိုတာ ကလေးမသိဘူး။အတွေးတွေနဲ့ပျာယာခက်နေတာက ကုမ္ပဏီကြီး
တစ်ခုလုံးကို ငယ်ငယ်ရွယ်ရွယ်နဲ့မျက်နှာတစ်ချက်မပျက်ပဲ ဦးဆောင်နိုင်တဲ့သူပါလို့ ပြောရင်ယုံဖွယ်ရာပင်မရှိချေ။ခေါင်းငိုက်စိုက်ကျနေတဲ့ ရှောင်းကျန့်ကိုလက်တို့လိုက်ပြီး
"ဟောဟော...ထွက်လာပြီ..."
"ကလေး..."
အနားရောက်အောင်တောင်မစောင့်နိုင် ရိပေါ်စီအပြေးသွားပြီး လက်ကလေးကိုအုပ်ကိုင်လိုက်ရင်ပဲ အေးစက်စက်အထိအတွေ့
နွေးသွားအောင်ဆုပ်ကိုင်ရင်း
"ကလေး...နေရတာအဆင်ပြေရဲ့လား..."
စိုးရိမ်နေတဲ့ ကိုကို့မျက်နှာကို စေ့စေ့ကြည့်ရင်း
"ပြေပါတယ်ကိုကိုရဲ့...အရမ်းစိုးရိမ်မနေနဲ့နော်..."
လက်ကိုနွေးအောင်လုပ်ပေးနေတဲ့
ကိုကို့လက်တွေလည်း အေးစက်နေတာပါပဲ။အနည်းငယ်ကြာတော့
"ရှောင်းကျန့် ...ရိပေါ်...လာ...စီနီယာခေါ်နေပြီ..."
__________
"ဆေးစစ်ချက်က...တော်တော်လေးအဆင်ပြေပါတယ်..."
VOCÊ ESTÁ LENDO
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasiaXiao Zhan -seme Yibo -uke (Zhanyi)